ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၄၃၃) ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း (၆၁.၅၉) ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၄၃၃) ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း (၆၁.၅၉) ရှိ

42

43


MNP ၊    ဇွန်   ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၅) ခုမှ ဝင်ရောက်ဖြေဆိုသူ (၇၀၃) ဦးရှိပြီး အောင်မြင်သူ (၄၃၃) ဦး ရှိသဖြင့် (၆၁.၅၉) ရာခိုင်နှုန်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီ ၌ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင် ထုတ်ပြန်ကြေညာပေးထားသဖြင့် ကျောင်းသား၊ကျောင်းသူများ၊ မိဘဆွေမျိုးများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန(၅)ခုမှ ဖြေဆိုရန် စာရင်းရှိ(၇၈၈)ဦး ၊ ဝင်ရောက်ဖြေဆိုသူ (၇၀၃)ဦး၊ အောင်မြင်သူ (၄၃၃)ဦးရှိပြီး (၄)ဘာသာဂုဏ်ထူးရှင် (၄)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၃၇)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၅၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၈၇)ဦးနှင့် ရိုးရိုးအောင်မြင်သူ (၂၄၉)ဦးရှိကြောင်း သိရသည်။


ရီရီမြင့်

 https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages