ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စမတောင်မဟာပရဟိတဂေဟာသို့ အလှူငွေကျပ်သိန်း ၁၂၀၊ အေးမြရွှေပြည် ရခိုင်ဘုန်းတော် ကြီးကျောင်းနှင့် သီဟိုဠ်ဘုန်းတော် ကြီးကျောင်းသို့ အလှူငွေကျပ် သိန်း ၂၀ စီ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း စမတောင်မဟာပရဟိတဂေဟာသို့ အလှူငွေကျပ်သိန်း ၁၂၀၊ အေးမြရွှေပြည် ရခိုင်ဘုန်းတော် ကြီးကျောင်းနှင့် သီဟိုဠ်ဘုန်းတော် ကြီးကျောင်းသို့ အလှူငွေကျပ် သိန်း ၂၀ စီ ပေးအပ်လှူဒါန်း


MNP ၊ ဇွန် ၁၄

၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ရှိ ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ သာဝတ္ထိမြို့၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ရှိ ကမ္ဘောဇဆောင်၌ ကျင်းပသည်။

ရန်ပုံငွေပေးအပ်ပွဲ အခမ်း အနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် ဂေဟာမှူးနှင့် ကလေးငယ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒထံ နဝကမ္မအလှူငွေနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းကြကာ ရေစက်သွန်းချ အမျှပေးဝေကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စမတောင်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်ရှိ မွေးကင်းစရင်သွေးငယ်များအား ပြုစုစောင့်ရှောက်နေမှု၊ လူမှုဝန်ထမ်းဦးစီးဌာန၏ တည်ထောင်ခွင့်ပြုမိန့်ရ မဟာပရဟိတ (စမတောင်) ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကလေးငယ်လေးများ၏ ကဗျာရွတ်ဆိုနေမှု၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ (စမတောင်-နေပြည်တော်) တွင် ကျောင်းသား ကျောင်းသူများ စာပေသင်ကြား သင်ယူလေ့လာနေမှုများကို ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။

ယင်းနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကနေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) (MICC– 2) တွင် ကျင်းပခဲ့သည့် နိုင်ငံကျော်အဆိုတော် မြန်မာပြည် သိန်းတန်၏ ကြယ်ကလေးများ၏ အနာဂတ် တစ်ကိုယ်တော် တေးဂီတဖျော်ဖြေပွဲမှ ရရှိငွေများအား ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရင်ခွင်မဲ့ကလေးများကို အားပေးစကားပြောကြားပြီး စမတောင် မဟာပရဟိတဂေဟာသို့ အလှူငွေကျပ်သိန်း ၁၂၀၊ အေးမြရွှေပြည် ရခိုင်ဘုန်းတော် ကြီးကျောင်းနှင့်သီဟိုဠ်ဘုန်းတော် ကြီးကျောင်းသို့ အလှူငွေကျပ် သိန်း ၂၀ စီ ပေးအပ်လှူဒါန်းသည်။

နေပြည်တော် လယ်ဝေးမြို့ နယ် သာဝတ္ထိမြို့နှင့် လေးမိုင်ခန့်အကွာ အလယ်ရိုးမပေါ်ရှိ စမ တောင်ပေါ်မှ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ကို ၁၉၉၀ ပြည့်နှစ်တွင် စမတောင် ဆရာတော် ဘဒ္ဒန္တဝိမလနှင့် ဘဒ္ဒန္တ ဉာဏိန္ဒ (ကျောင်းအုပ်ချုပ်မှု ဆရာတော်)တို့က ရင်ခွင်မဲ့ ရင်သွေးငယ်များ၊ ဘဝချို့တဲ့ နေရှာသော ကလေးသူငယ်များအား ပြုစုပျိုးထောင်ပေးရန် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ကို ကလေးငယ်လေးဦးဖြင့် စတင်တည်ထောင်ခဲ့ကာ တစ်လအတွင်း ကလေးငယ် ၂၅ ဦး ရှိလာခဲ့သည်။

ယခုအခါ ကျောင်းတွင်လသားအရွယ်မှ သုံးနှစ်အရွယ်အထိ ရင်ခွင်ပိုက်ကလေးငယ် ၄၀ ကျော် အပါအဝင် ကလေးငယ်၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၅၀ ကို ပြုစုစောင့်ရှောက်ထား ကြောင်း၊ အဆိုပါ စမတောင်မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေး ဥယျာဉ်မှ တက္ကသိုလ်၊ ကောလိပ်တက်ရောက်နေသူ ၆၁ ဦး၊ ဆေးတက္ကသိုလ် ကျောင်းသား ကျောင်းသူ သုံးဦးရှိပြီး ဘွဲ့ရလုပ်ငန်းခွင်ဝင်ရောက်သူ ၄၁ ဦး ကို ပျိုးထောင်မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ပရဟိတကျောင်းတွင် ရင်ခွင်မဲ့ကလေးငယ်များအတွက် နေ့စဉ် ဆန် ၁၆ အိတ် ကျော်၊ ဆီပိဿာ ၂၀ ကျော် ကုန်ကျမှုရှိပြီး တစ်နပ်စာအတွက် အာဟာရဒါနပြုလိုသူ များအနေဖြင့် ငွေကျပ် ၁၀ သိန်းဖြင့် လှူဒါန်းနိုင်ကြောင်း၊ အဝတ်အထည်၊ ပညာသင်ကြားရေး အထောက်အကူပြုပစ္စည်းများ၊ ပြဋ္ဌာန်းစာအုပ်များစသဖြင့် မိမိတို့တတ်နိုင်သမျှ ပါဝင်ဒါနပြုလှူဒါန်း နိုင်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)