မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် သောက်ရေသန့်များအား ဒေသခံပြည်သူများက ဖြည့်စွက်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့ အ- ထ- က(ခွဲ) ဂျီဖြူတောင်တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် သောက်ရေသန့်များအား ဒေသခံပြည်သူများက ဖြည့်စွက်လှူဒါန်း






MNP ၊    ဇွန်   ၃၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာ၊ အထက်တန်းကျောင်း(ခွဲ)တွင် သင်ကြားရေး အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသား၊ ကျောင်းသူများ သောက်သုံးရန် သောက်ရေသန့်များကို ဒေသခံပြည်သူ စေတနာရှင်များက ဖြည့်စွက်လှူဒါန်းလျက်ရှိကြောင်း အဆိုပါ အ- ထ- က(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းမှ သိရသည်။


အဆိုပါ လှူဒါန်းမှုများနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက " ကျောင်းဖွင့်ပြီဆိုတာနှင့် အရင်ဆုံး အရေးပေါ် လိုအပ်ခဲ့တာက ကျောင်းသားထိုင်ခုံတွေပါ။ အရင်နှစ်တွေထက် ကျောင်းသားဦးရေ များပြားလာတာကြောင့် ဖြစ်ပါတယ်။ လိုအပ်နေတဲ့ ထိုင်ခုံတွေကို ကျောင်းကော်မတီ၊ ကျောင်းသားမိဘများ၊ ဒေသခံ စေတနာရှင် အလှူရှင်များနှင့် စည်းဝေးဆွေးနွေးညှိနှိုင်းပြီးတော့ ဖြည့်စွက်လိုက်တာ ကျောင်းသားတွေအတွက် လုံလောက်သွားပေမယ့်  အခမ်းအနားများ၊ ပွဲတော်များ ကျင်းပနိုင်ရေးအတွက် လိုအပ်နေပါသေးတယ်။ သင်ကြားရေး အထောက်အကူပြုပစ္စည်းတွေအနေနဲ့ စနစ်သစ် အင်္ဂလိပ်စာသင်ကြားရာမှာ ကျောင်းသား၊ ကျောင်းသူတွေကို နားထောင်မှုစွမ်းရည်နှင့် အပြောစွမ်းရည်များ ( Listening and Speaking Skills)မြင့်မားလာစေရေး လေ့ကျင့်သင်ကြား ပို့ချရာမှာ Bluetooth စနစ်ပါတဲ့ Sound Box အသေးစား/ အလတ်စားတွေ လိုအပ်ပါတယ်။ နောက်ထပ် မရှိမဖြစ်လိုအပ်တာက ကျောင်းသား၊ ကျောင်းသူတွေ သောက်ရေကို သန့်ရှင်းစွာ သောက်သုံးကြစေရန်အတွက် အရင်က အသုံးပြုခဲ့တဲ့ ရေစည်/ရေအိုးများနေရာမှာ သောက်ရေသန့် လိုအပ်ပါတယ်။ သောက်ရေသန့် အလှူရှင်တွေ လိုအပ်တာပါ။ " ဟု ပြောကြားခဲ့သည်။


ဖော်ပြပါ လိုအပ်ချက်များအပေါ် ကျောင်းသားမိဘများနှင့် ဒေသခံစေတနာရှင်အလှူရှင်များက ဖြည့်စွက်ဆောင်ရွက် ပေးကြရာတွင် ဂျီဖြူတောင်၊ တောင်မော်၊ အောင်သပြေ၊ အောင်စည်သာ၊ ကန်ကျွန်း စသည့်ကျေးရွာများနေ စေတနာရှင်ပြည်သူများက တန်ဖိုးငွေ (၅၆၂၀၀၀/ကျပ်) တန်ဖိုးရှိ ပလတ်စတစ်ထိုင်ခုံ (၄၆) လုံး၊ ကျောက်ကြီးပေါက်ကျေးရွာနေ ပြည်သူများက ပလတ်စတစ်ထိုင်ခုံ (၅) လုံး၊ တန်ဖိုးငွေ (၇၀၀၀၀/ကျပ်) တို့ကို လှူဒါန်းကြ၍ ကျောင်းသားထိုင်ခုံများမှာ ပြည်စုံလုံလောက်နေပြီ ဖြစ်ပါကြောင်း၊  လိုအပ်လျှက်ရှိသော သင်ကြားရေးအထောက်အကူပြု Sound Box အလှူရှင်များနှင့် (Liters 20) သောက်ရေသန့် အလှူရှင်များမှာလည်း ပညာဒါနအလှူအဖြစ် လာရောက်လှူဒါန်းမှုများ၊ ဆက်သွယ်လှူဒါန်းမှုများ ရှိပါကြောင်း၊ နောက်ထပ် သင်ကြားရေး အထောက်အကူပြု Bluetooth စနစ်ပါ Sound Box အငယ်များနှင့် ထိုင်ခုံများမှာ လိုအပ်နေပါသေး၍ စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အဆိုပါ အ- ထ- က(ခွဲ) faceepace စာမျက်နှာတွင် ဖော်ပြထားရှိခြင်းအရ သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)