Pages

Pages

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇွန် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိ နေသော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့လယ်ချောင်းတစ်လျှောက် တိမ်ကောပိတ် ဆို့နေသော အမှိုက်များ၊ ဗေဒါပင်များ၊ ပေါင်းပင်များဖြင့် ပိတ်ဆို့နေသော နေရာများ အား ကူညီကယ်ဆယ်ရေးအဖွဲ့များက စက်ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။ ထို့ပြင် စစ်တွေမြို့မှ ပေးပို့လာသည့် လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများရောက်ရှိလာမှုနှင့် မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူ ရေးရာ ဦးစီးဌာန ဂိုဒေါင်၌ ပစ္စည်းများလက်ခံနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် စူပါနှံကောက် မျိုးစပါးနှင့် GW- 11 မျိုးစပါးများ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာမှုများကို ကြည့်ရှု စစ်ဆေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်သည့် မျိုးစပါးများ ထောင်သူ များထံသို့ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်၍ မျိုးစပါးအိတ် ၁၃၅ တင်းအား ကျေးရွာအုပ်စု ၃ အုပ်စုမှ တောင်သူများလက်ဝယ်သို့ ဖြန့်ဝေပေးသည်။


အလားတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ် အောင်မျိုးထွန်း သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျောက်တန်းတိုက်နယ်၊ လောင်းချောင်း တိုက်နယ်နှင့် စေတီပြင်တိုက်နယ်အတွင်းတို့ရှိ လေဘေးသင့်ပြည်သူများအတွက် ဆန်များ ထောက်ပံ့ပေးအပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူများကိုယ်စား ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။


ထို့အတူ စစ်တွေမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် အောင်ကျော်မိုး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဆပ်ရိုးကျရပ်ကွက်ရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များထံသို့ အိမ်မိုးသွပ်ပြားများ ထောက်ပံ့ပေးအပ်သည်။


အလားတူ ရမ်းဗြဲမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ဇော်မင်းအေး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရမ်းဗြဲမြို့ အောင်ဓမ္မဗိမာန်ဓမ္မာရုံ၌ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများဆောင်ရွက်ပေးနေမှုများကို ကြည့်ရှုအားပေးပြီး တိုင်းရင်းဆေးများနှင့် စားသောက်ကုန်ပစ္စည်းများပေးအပ်လှူဒါန်းသည်။


ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မောရဝတီကျေးရွာသို့ ရောက်ရှိလာသည့် မျိုးစပါး များအား ကြည့်ရှုစစ်ဆေးပြီး မုန်တိုင်းဒဏ်ကြောင့် မျိုးစပါးများ ပျက်စီးခဲ့သည့် ကိုင်းကြီးကျေးရွာ၊ မောရဝတီကျေးရွာနှင့် ဥဒေါင်းကျေးရွာတို့မှ တောင်သူ ၃၅ ဦးတို့ ကို GW- 11 မျိုးစပါးနှင့် နှံကောက်မျိုးစပါး စုစုပေါင်း တင်း ၁၀၀ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment