ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချ​နေမှုအားကွင်းဆင်းကြပ်မတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချောက်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားအုန်းဆီ ဖြန့်ဖြူးရောင်းချ​နေမှုအားကွင်းဆင်းကြပ်မတ်



MNP ၊    ဇွန်   ၂၂

စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်​​မြတ်​မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်ရှိ  စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဒေါ်စီစီဆိုင်မှ စျေးကားဖြင့်လှည့်လည်၍ အမှတ် (၆)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်တွင် စားအုန်းဆီရောင်းချ​နေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။


ချောက်မြို့နယ်တွင် စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် ဒေါ်စီစီဆိုင်မှ​စျေးကား​ဖြင့်လှည့်လည်၍ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။


ချောက်မြို့နယ်အတွင်းရှိ စားသုံးသူများ စားအုန်းဆီစျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၄၃၀၀ နှုန်းဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ရောင်းချသွားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒေါ်စီစီ ဆီရောင်းဝယ်ရေးမှ စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ် (၆)ရပ် ကွက်၊ရွှေသူဌေးကုန်းရပ်တွင် ရောင်းချပေးခဲ့ပြီး ယ နေ့(ဇွန် ၂၂ရက်) နံနက်ပိုင်းတွင် အမှတ်(၉) ရပ် ကွက်၊စျေးရပ်နှင့် ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၃) ရပ်ကွက်၊ ချောက်ရွာမရပ်တို့တွင် ​​စျေးကား​ဖြင့် လှည့်လည်၍ လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ကျပ်သား နှုန်းဖြင့်  တစ်ရက်လျင် ဆီအချိန် ၅၅၀ ပိဿာရောင်းချပေးသွားမည်​ဖြစ် ကြောင်းနှင့် စျေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၆၅၀၀ ထိရှိရာ ယခုကဲ့သို့ စားအုံးဆီ တစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့်  ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန် အတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန် ရှိသူထံမှ သိရသည်။


ကျော်မိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)