MNP ၊ ဇွန် ၂၂
စားသုံးသူရေးရာဦးစီးဌာန၊ ချောက်ခရိုင်ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဒေါ်မြတ်မြတ်မိုးသည် ယမန်နေ့နံနက်ပိုင်းက ချောက်မြို့နယ်ရှိ စားအုန်းဆီ လက်လီ/ လက်ကားရောင်းချလျက်ရှိသော ဒေါ်စီစီဆိုင်မှ စျေးကားဖြင့်လှည့်လည်၍ အမှတ် (၆)ရပ်ကွက်၊ ရွှေသူဌေးကုန်းရပ်တွင် စားအုန်းဆီရောင်းချနေမှုအား ကွင်းဆင်း၍ စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါသည်။
ချောက်မြို့နယ်တွင် စားသုံးသူများ စျေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်း ဦးဆောင်မှုဖြင့် စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် ဒေါ်စီစီဆိုင်မှစျေးကားဖြင့်လှည့်လည်၍ ရောင်းချပေး လျက်ရှိကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်းရှိ စားသုံးသူများ စားအုန်းဆီစျေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်စေရန် စားအုန်းဆီ တစ်ပိဿာကို ငွေကျပ် ၄၃၀၀ နှုန်းဖြင့် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ မြို့နယ်အတွင်းရှိ ဆီလုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ရောင်းချသွားနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဒေါ်စီစီ ဆီရောင်းဝယ်ရေးမှ စားအုန်းဆီတစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် ယမန်နေ့ နံနက်ပိုင်းမှစ၍ အမှတ် (၆)ရပ် ကွက်၊ရွှေသူဌေးကုန်းရပ်တွင် ရောင်းချပေးခဲ့ပြီး ယ နေ့(ဇွန် ၂၂ရက်) နံနက်ပိုင်းတွင် အမှတ်(၉) ရပ် ကွက်၊စျေးရပ်နှင့် ဇွန် ၂၃ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၃) ရပ်ကွက်၊ ချောက်ရွာမရပ်တို့တွင် စျေးကားဖြင့် လှည့်လည်၍ လူတစ်ဦးလျှင် စားအုန်းဆီ ၅၀ကျပ်သား နှုန်းဖြင့် တစ်ရက်လျင် ဆီအချိန် ၅၅၀ ပိဿာရောင်းချပေးသွားမည်ဖြစ် ကြောင်းနှင့် စျေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာကို ငွေကျပ် ၆၅၀၀ ထိရှိရာ ယခုကဲ့သို့ စားအုံးဆီ တစ်ပိဿာ ငွေကျပ် ၄၃၀၀ နှုန်းဖြင့် ဒေသခံပြည်သူများ စျေးနှုန်းချိုသာစွာ ဝယ်ယူနိုင်စေရန် အတွက် ရောင်းချပေးခြင်းဖြစ်ကြောင်း မြို့နယ် စားသုံးသူရေးရာဦးစီးဌာန တာဝန် ရှိသူထံမှ သိရသည်။
ကျော်မိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment