မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား ၊ကျောင်းသား/ကျောင်းသူ များ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား ၊ကျောင်းသား/ကျောင်းသူ များ ပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိ






MNP ၊ မေ  ၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ယနေ့ ဇွန်လ (၁) ရက်နေ့တွင် အခြေခံ ပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ ပျော်ရွှင်စွာပညာသင်ကြား လျက်ရှိကြောင်း သိရသည်။


မြောက်ဦးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၂၄၄) ကျောင်းကို ယနေ့ ဇွန်လ (၁) ရက် နေ့တွင် တပြိုင်တည်းစတင်ဖွင့်လှစ်လျက်ရှိပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၉၇၂၄) ဦး ပျော်ရွှင်စွာတက်ရောက် ပညာသင်ကြားလျက်ရှိသည်။


မြောက်ဦးမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-12 ကျောင်းသူ မအေးငြိမ်းသွယ် က ပထမဦးဆုံးကျောင်းဖွင့်ရက် ခံစားချက်ကို ယခုလို ဖြေကြားခဲ့ပါသည်-


ကျွန်မကတော့ အ.ထ.က-၂ ၊မြောက်ဦးမြို့မှာ ပညာသင်ကြားနေတဲ့ Grade-12 ကျောင်းသူ မအေးငြိမ်းသွယ် ဖြစ်ပါတယ်။ကျွန်မတို့ကျောင်းမှာ နံနက်ပိုင်းနှင့် နေ့လည်ပိုင်း နှစ်သုတ်ခွဲ၍ ပညာသင်ကြားနေပြီဖြစ်ပါတယ်။ နံနက်ပိုင်း ၆ နာရီမှ ၁၀ နာရီ ၁၅ မိနစ်အထိ ပထမအသုတ်နှင့် ၁၀ နာရီ ၄၅ မိနစ် မှ ညနေ ၄ နာရီထိ ဒုတိယအသုတ် တို့ဖြင့် ပညာသင်ကြားလျက်ရှိပါတယ်။ သင်ရိုးသစ်ကို စတင်သင်ကြားရပြီး သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေရမှာဖြစ်တဲ့အတွက် အလွန်ပင်ပျော်ရွှင်မိပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်- 


ဆက်လက်၍ Grade-12 ကျောင်းသား မောင်မင်းစိုး ကလည်း ကျောင်းဖွင့်ရက် ခံစားချက်ကို ကျွန်တော်ကတော့ သင်ရိုးသစ်ဖြစ်တဲ့ Grade-12 သင်ရိုးသစ် သင်ခန်းစာ တွေကို သင်ကြားရတော့မှာဖြစ်တဲ့ အတွက် အလွန်စိတ်ဝင်စားနေမိပါတယ်။ ဒါ့အပြင် ဆရာ၊ဆရာမများ ၊ သူငယ်ချင်းများနဲ့ ပြန်တွေ့ရတော့မှာဖြစ်သလို  သူငယ်ချင်းအသစ်တွေနဲ့လည်း တွေ့ရတာ့မှာ ဖြစ်တဲ့ အတွက် အလွန်ပျော်ရွင် မိပါတယ်။အားလုံးကို ကျေးဇူးတင်ပါတယ်- 


တွေ့ဆုံမေးမြန်းသူ- မြင့်စိုး


မြင့်စိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)