မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ



MNP ၊    ဇွန်   ၁၀

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ကျင်းပပြုလုပ်သော ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို မိုးကောင်း-ပင်းခါးကျေးရွာသွား ကားလမ်းဘေးရှိ ခ.လ.ရ (၇၄)စစ်တပ်ဂိတ်အနီး၌ ယနေ့နံနက်(၇)နာရီတွင် ပြုလုပ်သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး တာဝန်ရှိသူများက ဌာနဆိုင်ရာကိုယ်စားလှယ်များထံ ပျိုးပင်များ ပေးဝေခဲ့သည်။


သဘာဝပတ်ဝန်းကျင်သည် လူသားတို့၏ ပယောဂနှင့် သဘာဝဘေးအန္တရာယ်ကြောင့် တစ်စတစ်စပျက်စီးလျက်ရှိလာပြီဖြစ်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောထိန်းသိမ်းရေးလုပ်ငန်းသည် အဓိကအရေးပါကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်လာစေရန် သစ်ပင်ကို စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း(၂)ရပ်ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာ စကားတွင် ထည့်သွင်းပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများက ကျွန်းပင်(၁၅၀)၊ ပျဉ်းကတိုး(၁၅၀)ပင်၊ မျောက်ငို(မအူ)ပင်(၅၀)၊ တောင်တမာအပင်(၁၀၀)၊ ခရေ(၂၅)ပင်၊ ဂန့်ဂေါ်(၂၅)ပင် စုစုပေါင်းပျိုးပင်(၅၀၀)ကို မိုးရာသီသစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


သန်းလွင်ဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)