Pages

Pages

ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ


 MNP ၊ ဇွန် ၂၈

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး H.E. Dr. Nikolay Listopadov အား ယမန်နေ့က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံနှင့်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံ အကြီးအကဲများအကြား ဆွေးနွေးဆောင်ရွက်ခဲ့မှုများ အရ သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်အခြေအနေ၊ မြန်မာနိုင်ငံတွင်ရှိသော နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်နှင့် လေအားလျှပ်စစ် စသည့်အရင်း အမြစ်များကိုအသုံးပြု၍ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေ၊ လျှပ်စစ်ကဏ္ဍဆိုင်ရာ စီမံကိန်းများတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် နှစ်နိုင်ငံအကြား ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment