ကမ်းနီလျှပ်စစ်မြစ်ရေတင်စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ်းနီလျှပ်စစ်မြစ်ရေတင်စီမံကိန်းအတွက် မြေယာလျော်ကြေး ပေးအပ်ပွဲ အခမ်းအနား ကျင်းပ





MNP ၊    ဇွန်   ၂၇

ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့ ကမ်းနီလျှပ်စစ်မြစ်ရေတင်စီမံကိန်း မြေနေရာ (၀.၂၂)ဧက အတွက် မြေယာလျော် ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင်  ကျင်းပပြုလုပ်သည်။


အခမ်းအနားတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးအရာရှိ ဦးတင်ကိုဦးက ကေ့ာကရိတ်မြို့ ကမ်းနီကျေးရွာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဥ်နှင့် ပတ်သက်၍ ကေ့ာကရိတ်မြို့နယ်၊ ကမ်းနီကျေးရွာအုပ်စုအတွင်းရှိ ရေကြီးနှစ်မြှပ်မိုးစပါးများ အောင်ရေရရှိရေး၊ ဆောင်းသီးနှံနှင့် နွေစပါး၊ နွေသီးနှံများ သီးထပ်စိုက်ပျိုးလာနိုင်ပြီး တောင်သူများ အကျိုးဖြစ်ထွန်းလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ရသည့် စီမံကိန်းဖြစ်ကြောင်း ကမ်းနီမြစ်ရေတင်တစ်ခုလုပ်မည်ဆိုလျင် ပင်မရေတင်စခန်းအတွက် မြေနေရာ၊ ရှင်းလင်းဆောင်၊ ဝန်ထမ်းအိမ်ရာ လိုအပ်လျက်ရှိသဖြင့် အဆိုပါ မြေနေရာအတွက် တောင်သူ၏ လယ်မြေအား အသုံးချသည့်အတွက် တောင်သူ နစ်နာကြေး ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ကရင်ပြည်နယ် လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက  မြေနေရာ (၀.၂၂) ဧက အတွက် လျော်ကြေး ငွေသိန်း(၆၀) ပေးအပ်ရာ ကမ်းနီကျေးရွာတောင်သူ ဦးစိန်ပုမှ လက်ခံရယူခဲ့သည်။


အဆိုပါအခမ်းအနားသို့ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်မြို့နယ်အဆင့် လယ်ယာစီမံခန့်ခွဲရေး အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။


ခင်မျိုးဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)