MNP ၊ ဇွန် ၁၀
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်း မြို့နယ် ဓာတ်ပေါင်းစုစေတီ ဘုရားပုရဝုဏ်အတွင်းပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းနှင့်အမှိုက်ကောက်ခြင်းကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများစုပေါင်း၍ဆောင်ရွက်ကြောင်းသိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးကိုအနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်း
ဦးဆောင်၍ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ခရိုင်/ မြို့ နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ၊ ရပ်ကွက်ကျေးရွာအုပ် ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများပူးပေါင်း၍ ဓာတ်ပေါင်းစုစေတီ ဘုရားပုရဝုဏ်အတွင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ခြုံနွယ် ပေါင်းမြက်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အအမှိုက်ကောက်ခြင်းတို့ ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment