အထက(ပေါက်တော)တွင် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်း အခမဲ့ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အထက(ပေါက်တော)တွင် ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်ပေးခြင်း အခမဲ့ဆောင်ရွက်






MNP ၊    ဇွန်   ၂၀

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့သည့် ဒေသများရှိဒေသခံများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များ၊ဆေးမှူးများ၊ သူနာပြုများသည်  ယမန်နေ့က ပေါက်တောမြို့နယ်  ငဝက်စွယ်ကျေးရွာနှင့် ဟင်းခရော်ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများ  ဆောင်ရွက်ပေးခဲ့ကြသည်။


အဆိုပါ ဆေးအဖွဲ့သည်ယနေ့တွင် အထက(ပေါက်တော)၌ ကျောင်းသား ကျောင်းသူများအား အဖျားရောဂါ၊ ဝမ်းရောဂါ၊သွား​ရောဂါ နှင့် အခြားအထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ပေါက်တောမြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ဝင်းမင်းစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)