Pages

Pages

ပုပ်ရဟန်းမင်းကြီး၏ ငြိမ်းချမ်းရေးသံတမန် ရုရှားခရီးစဉ်သည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မည်ဟု အီတလီထိပ်တန်းသံတမန်များ မျှော်လင့်



MNP ၊ ဇွန် ၂၈

အီတလီ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို တာဂျနီက မော်စကိုသို့ ပုပ်ရဟန်းမင်းကြီး ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကာဒီနယ် မက်တီယို ဇပ်ပီ၏ ခရီးစဉ်သည် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

"ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေး အစပျိုးမှုအားလုံးကို အနီးကပ် စောင့်ကြည့်နေပါတယ်။ Holy See ရဲ့ ပဏာမခြေလှမ်းဟာ အထူးသဖြင့် တရားဝင်မှု ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ သံတမန်ဟာ ကိယက်ဗ်ကို သွားရောက်ခဲ့ပြီး အခု မော်စကိုမြို့ကို ထွက်ခွာသွားပါပြီ။ ရေရှည်မှာ ဘုံအသိတရားက အသာစီးရလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ANSA သတင်းဌာနက ကိုးကားဖော်ပြသည်။ သံခင်းတမန်ခင်းတံခါးကို အမြဲဖွင့်ထားသင့်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ် ဟုလည်း ပြောကြားခဲ့သည်။

“တရုတ်၊ တူရကီနဲ့ ငြိမ်းချမ်းရေးကို ကြိုးပမ်းနေတဲ့ နိုင်ငံအားလုံးလို အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ ဒါပေမယ့် ထပ်ခါထပ်ခါ ပြောမယ်၊ တရားမျှတတဲ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆိုသည်။

ပုပ်ရဟန်းမင်းကြီး ငြိမ်းချမ်းရေး ကိုယ်စားလှယ် ကာဒီနယ် မက်တီယို ဇပ်ပီ သည် ဇွန် ၂၈ မှ ၂၉ ရက်အထိ မော်စကိုသို့ သွားရောက်မည်ဖြစ်ကြောင်း Holy See ၏ သတင်းစာရှင်းလင်းပွဲတွင် အင်္ဂါနေ့က ဖော်ပြခဲ့သည်။ ခရီးစဉ်၏ အဓိက ရည်ရွယ်ချက်မှာ တရားမျှတသော ငြိမ်းချမ်းရေး ရရှိရန်အတွက် လက်ရှိ ကြေကွဲဖွယ် အခြေအနေမှ လွတ်မြောက်ရေး နည်းလမ်းကို ရှာဖွေရာတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပံ့ပိုးကူညီမှုများ ပြုလုပ်ရန် ဖြစ်ကြောင်း ၎င်းကဆိုသည်။ မီဒီယာအများအပြား၏အဆိုအရ ကာဒီနယ်သည် အင်္ဂါနေ့ညနေပိုင်းတွင် မော်စကိုမြို့သို့ ရောက်ရှိခဲ့သည်။

အီတလီ ဘုန်းတော်ကြီးများ ညီလာခံ ဥက္ကဋ္ဌ နှင့် ဘိုလော့နာ ဂိုဏ်းချုပ် ဇပ်ပီ သည် ဇွန်လ အစောပိုင်းတွင် ယူကရိန်း သမ္မတ ဗလာဒီမာ ဇယ်လင်စကီး၊ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရန် ကိယက်ဗ် သို့ သွားရောက်ခဲ့သည်။ 


Ref - Tass

#MyanmarNationalPost


No comments:

Post a Comment