Pages

Pages

မင်းလှမြို့တွင် ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်မူပြိုင်ပွဲကျင်းပ



MNP ၊    ဇွန်   ၃၀

ပြည်ထဲရေးဝန်ကြီးဌာန၊ သာယာဝတီခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးကျင်းပ‌သည့်  ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆို ပူဇော်မူပြိုင်ပွဲကို  မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီက၌ ကျင်းပပြုလုပ်ခဲ့သည်။


ပြိုင်ပွဲတွင် သာယာဝတီခရိုင် ဝတ်ရွတ်အသင်း၊ သာယာဝတီမြို့နယ်ဝတ်ရွတ်အသင်း၊ မင်းလှမြို့နယ် ဝတ်ရွတ်အသင်း၊ မိုးညိုမြို့နယ်ဝတ်ရွတ်အသင်း၊ လက်ပံတန်းမြို့နယ် ဝတ်ရွတ်အသင်း၊ အုတ်ဖိုမြို့ နယ်ဝတ်ရွတ်အသင်း၊ ကြို့ပင်ကောက်မြို့နယ် ဝတ်ရွတ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲတွင် လူဦးရေ(၂၂) ဦးပါဝင်သည့် ဝတ်ရွတ်အသင်း (၁) သင်းစီတို့က ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုကို  ၁ နာရီ ၅ မိနစ် စီကြာရွတ်ဆို ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပထမရရှိသည့် ဝတ်ရွတ်အသင်းက ပြည်မြို့၌ ခရိုင်အဆင့်ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။


ပေါက်စ

 https://t.me/MyanmarNationalPost




No comments:

Post a Comment