မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသည့် နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း


MNP ၊    ဇွန်   ၂၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးထားသော မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဖြန့်ဖြူးပေးသည့် ဆင်းရတနာ−၃ မကွေးနှမ်းနက်နွေနှမ်းများ အသီးရင့်နေပြီဖြစ်၍ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကာ မိုးဦးရွာသွန်းမှုကောင်းမွန်သောကြောင့် အပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မိုးစပါးစိုက်ပျိုးချိန်အမှီ စတင်ရိတ်သိမ်းတော့မည်ဖြစ်ကြောင်း တောင်သူများထံက သိရသည်။


မြို့သစ်မြို့နယ်မှ တောင်သူများသည် ယခင်နှစ်များတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းကာ ဆင်းရတနာ နွေနှမ်းများ စမ်းသပ်စိုက်ပျိုးပြသခဲ့ရာ စတင်စိုက်ပျိုးချိန်မှ ရက် (၉၀)မှ ရက်(၁၀၀)အတွင်း သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သဖြင့် ယခုနှစ်တွင် တောင်သူများ တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခဲ့ကြသည်။


ယခင်နှစ်များက သီးနှံများ တိုးချဲ့စိုက်ပျိုးမှုပုံစံတွင် လယ်မြေများ၌ မိုးကြိုနှမ်းစိုက်ပျိုးပြီးလျှင် မိုးစပါးကိုလည်းကောင်း၊ ယာမြေများတွင် မိုးကြိုနှမ်းစိုက်ပျိုးပြီးလျှင် မြေပဲနှင့် ပဲစဥ်းငုံသော်လည်းကောင်း စိုက်ပျိုးကြခြင်းဖြစ်ရာ မူလသီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးချိန်မီရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် ဆင်းရတနာ−၃ နွေနှမ်းမျိုးအားတောင်သူများက ရွေးချယ်စိုက်ပျိုးခဲ့ရာ ယခုနှစ်တွင် မိုးရွာသွန်းမှုကောင်း၍ နွေနှမ်းထွက်ရှိနှုန်းကောင်းမွန်နိုင်ကြောင်း မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။


သန်းဝင်းထွန်း 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)