ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ









MNP ၊    ဇွန်   ၅

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကို ယနေ့ နံနက်(၈)နာရီအချိန်က တောင်ကုတ်တက္ကသိုလ်ဘောလုံးကွင်းဘေး၌ကျင်းပသည်။


အခမ်းအနားတွင် မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအေးချမ်းဖြိုး က တောင်ကုတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ်လွင် ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့် ဌာနဆိုင်ရာများ ၊ လူမှုရေးအသင်းအဖွဲ့ များထံ ပျိုးပင်များလွှဲပြောင်းပေးအပ်ပြီးနောက် စုပေါင်းသစ်စိုက်ပျိုးကြသည်။


စုပေါင်းသစ်ပင်စိုက်ပျိုးရာတွင် ပျဉ်းကတိုး(၈၀)ပင် ၊ မဟော်ဂနီ(၁၀၀)ပင် ၊ မန်ဂျန်ရှား(၁၀၀)ပင် ၊ ခရေ(၅၀)ပင် ၊ ကံ့ကော်(၅၀)ပင် ၊ ဗန်ဒါ(၁၀၀)ပင်နှင့် စိန်ပန်း(၁၀၀)ပင် စုစုပေါင်း(၅၈၀)တို့ကိုစိုက်ပျိုးနိုင်ခဲ့ ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မှသိရသည်။


အခမ်းအနားသို့ တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ သန်းထွဋ်လွင် ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဇင်သန့် နှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်တိုး နှင့်အဖွဲ့ဝင်များ ၊ ခရိုင် ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ လူမှုရေး အသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)