Pages

Pages

တနိုင်းမြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများ အား ဆုချီးမြှင့်ပွဲကျင်းပ





MNP ၊    ဇွန်   ၂၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာမူးယစ်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေး‌နေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၆ ရက်နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


ရှေ့ဦးစွာ တနိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြသောင်းက ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေး‌ပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီအရာရှိဒေါဝါဦးက စာပေများဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရန် စာပေ၏အကျိုးဇူးများကိုသိရှိပြီး အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ပြိုင်ပွဲများကျင်းပပြုလုပ်‌ပေးရခြင်း၏ ရည်ရွယ်ချက်များကို အသိပညာပေးဟောပြော ခဲ့သည်။


ဆက်လက်၍ ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲတို့တွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြင့်ခဲ့ကြောင်း သိရသည်။


ပိုင်ထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment