Pages

Pages

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

 


MNP ၊    ဇွန်   ၂၃

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အင်းတော်မြို့နယ်ရုံးအနေဖြင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို နှစ်စဉ် ကျင်းပပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ကျောင်းသူ/ကျောင်းသားများ အနေဖြင့် မူးယစ်ဆေးဝါး အန္တရာယ်ကို သိရှိနားလည်ပြီး ရှောင်ရှားနိုင်ကြရန်အတွက်လည်းကောင်း၊ မူးယစ် ဆေးဝါးသုံးစွဲသူ ကင်းစင်ပပျောက်နိုင်ရေးအတွက်လည်းကောင်း၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများ ပေါ်ထွက်လာရေးအတွက်လည်းကောင်း ရည်ရွယ်၍ ပြိုင်ပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်သီဟက ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ပြိုင်ပွဲအခမ်းအနားတွင် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သီဟ ပြိုင်ပွဲကျင်းပရခြင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အထိမ်းအမှတ်နေ့ စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်)မှ အထက်တန်းအဆင့် ကျောင်းသူ/သား (၄၅) ဦးတို့က မူးယစ်အန္တရာယ် တို့ကာကွယ် ခေါင်းစဉ်ဖြင့် ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


ကျော်သီဟ

 https://t.me/MyanmarNationalPost




No comments:

Post a Comment