ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်







MNP ၊    ဇွန်   ၁၂

ရခိုင်ပြည်နယ်၊ ကျေက်ဖြူမြို့၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းနှင့် စံပြကွက်များ ပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျောက်ဖြူမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။ 


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းထွဏ်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက  ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက်များဆောင်ရွက်ပြသနိုင်ရန်အတွက် လိုအပ်သော မျိုးကောင်း မျိုသန့်မျိုးစေ့များကို တောင်သူများထံသို့ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  မိုးစပါး(၁) ဧက အထွက်နှုန်းတိုးတက်စေရေး အတွက် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးလာကြရန်နှင့် မြို့နယ်၏ မိုးစပါး စိုက်ဧကများ လျော့နည်းမှုမရှိစေဘဲ ဧကပြည့်စိုက်ပျိုးရေးတို့ကို ဆွေးနွေးပြောကြားပြီး တက်ရောက်လာ ကြသည့် ကျေးရွာများဖြစ်သည့် ဝမျှောင်ကျေးရွာ၊ ကုန်ဘောင်ကျေးရွာ၊ မူရွင်းကျေးရွာနှင့် စနဲ-မင်းပြင် ကျေးရွာများမှ တောင်သူများအား ဆင်းရွှေလတ်၊ ဆင်းသုခနှင့် ပေါ်ဆန်းရင် မျိုးကောင်းမျိုးသန့်မျိုးစေ့ များအား တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ရာ တောင်သူများမှ လက်ခံရယူခဲ့ကြသည်။ 


အဆိုပါ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးရာသီကာလတွင် မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် စံပြကွက် များ ပြုလုပ်ရန်အတွက် မျိုးစပါးများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်/မြို့နယ် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာများမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)