လယ်ဝေးရဲစခန်းရှေ့ အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးရဲစခန်းရှေ့ အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရ



MNP ၊

လယ်ဝေးမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ လယ်ဝေးမြို့မရဲစခန်းရှေ့တွင် ယနေ့ ညနေ ၅နာရီကျော်ခန့်က အကြမ်းဖက်သမား ၂ဦးက ဆိုင်ကယ်ဖြင့် လာရောက်ကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်သမားများ၏ ဖောက်ခွဲတိုက်ခိုက်မှုအတွင်း ရဲအုပ် ၁ ဦး၊ ရဲတက ၁ ဦး၊ ရဲတပ်သား ၁ ဦးတို့ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ခုတင်(၁၀၀၀)ဆေးရုံသို့ ပြိ့ဆောင်ခဲ့ကြောင်း ကနဦးသိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)