ပေါင်မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းသရုပ်ပြစိုက်ခင်းပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းသရုပ်ပြစိုက်ခင်းပြသ






MNP ၊    ဇွန်   ၂၁


ပေါင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ   တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း သရုပ်ပြစိုက်ခင်းပြပွဲကိုယနေ့ နံနက်ပိုင်းက ပေါင်မြို့နယ်    ကျခတ်ငူ ကျေးရွာရှိ တောင်သူ ဦးတင်ဝင်း ၏ မြေ ( ၁) ဧက ၌ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ တိရစ္ဆာန်အစားအစာ နေဗီယာမြက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ ပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန‌ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာတင်‌ဌေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးထင်လင်းအောင်၊မြို့နယ် မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာသက်နိုင်နှင့်ဝန်ထမ်းများ၊ဌာနဆိုင်ရာများ၊ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးလုပ်ကိုင်ကြသူများတက်ရောက် စိုက်ပျိုးခဲ့ကြသည်။


အဆိုပါ တိရစ္ဆာန်အစားအစာပင် နေဗီယာမြက် စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ ခြံလှောင်အစာကျွေးစနစ်ဖြင့်မွေးမြူရေး  လုပ်ငန်းများဖွံ့ဖြိုးလာစေရန်၊အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစာအဖြစ်ကျွေးမွေးရန်၊ ပြည်တွင်းကျွဲ၊နွား၊မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓာတ်မြင့်မားပြီး အထွက်နှုန်းကောင်းသောတိရစ္ဆာန်အစာများဖူလုံစွာ သုံးစွဲနိုင်ရေးနှင့် နေဗီယာမြက်ကို နွားစာအဖြစ်ကျွေးမွေးပါက လိုအပ်သောအဟာရဓာတ်ပမာဏများ

ပြည့်ဝစေရန်ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ ကျွဲ၊နွား၊မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများသို့လည်း  နေဗီယာ​မြက် စိုက်ပျိုးနိုင်​​ရေးအတွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပျိုးပင်များကို အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါက်တာသက်နိုင်က ရှင်းလင်းပြောကြားခဲ့‌ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)