MNP ၊ မေ ၁
ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့်သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး၍ ယနေ့ နံနက်ပိုင်းက ရေသန့်စင်ကား IR9489 ဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့အရှေ့မြောက် ရပ်ကွက်၊တောင်လှမော်ကျေးရွာများအားဖြန့်ဝေပေးခဲ့ပြီး Iရေသန့်စင်ကား IR9469 ဖြင့် သန့်ရှင်းသောသောက်သုံးရေများကိုရသေ့တောင်မြို့တောင်ရင်းတန်းရပ်ကွက်ရှိနှင့် စေတီတောင်ယာယီနေရပ်စွန့်ခွာစခန်းများသို့ရေသန့်များအားဖြန့်ဝေပေးခဲ့သည်။
ရသေ့တောင်မြို့နယ်အတွင်းနွေရာသီရေရှားပါးမှုကြုံနေရပြီး မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရေကန်အများစုမှာဆားငံရေဝင်သွားခြင်းကြောင့်သောက်သုံးရေအခက်အခဲများဖြစ်ပေါ်လျှက်ရှိပါသည်။
ယခုအခါ ရသေ့တောင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှဦးစီးပြီးရေသန့်စင်ကား(၂)စီးဖြင့်မြို့ပေါ်ရပ်ကွက်(၄) ကွက်ရှိပြည်သူများ၊ယာယီနေရပ်စွန့်ခွာသူများ၊ကျေးရွာများနှင့်လေဘေးဒါဏ်သင့်ပြည်သူများထံသို့ ၂၂.၅.၂၃ ရက်နေ့မှသောက်ရေများစတင်ဖြန့်ဝေခဲ့ရာ ယနေ့အချိန်ထိ ရေဂါလံပေါင်း (၈၈၈၂၁)ဂါလံကို အကျိုးပြုပြည်သူ (၁၅၀၁၄၃) ဦးတို့အတွက်ဖြန့်ဝေနိုင်ခဲ့ကြောင်း တာဝန်ရှိသူများထံမှသိရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment