ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းဆွေးနွေးပွဲကျင်းပ





MNP ၊    ဇွန်   ၂၈

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ ဗီဒီယိုရိုက်ကူးခြင်း တည်းဖြတ်ခြင်းများကို မဖြစ်မနေတတ်သိနားလည်ထားရန်လိုအပ်သည့်အတွက် ရိုက်ကူးတည်း ဖြတ်နည်းဆွေးနွေးပွဲကိုယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါမြင့်မြင့်ခိုင်က မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကိုသတင်းများ ပြန်ကြားပေးရမည့် တာဝန်ပါရှိပါကြောင်း၊ ဝန်ကြီးဌာနက ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်လူမှုမီဒီယာများမှသတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပြီး သတင်းစာတွင်လည်းသတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ယနေ့ ခေတ်တွင်ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ အများစုသည် မိုဘိုင်းဖုန်းများမှ တစ်ဆင့်သတင်းများကို ဖတ်ရှုကြကြောင်း၊ ပြောင်းလဲလာသည့်သတင်းစီးဆင်းမှုအ ရပြည်သူအများစု အသုံးပြုသည့်လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင်သတင်းများအားဖော်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗီဒီယိုသတင်းများကို ရိုက်ကူးပေးပို့နိုင်ရန်အတွက်ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ သတင်းရိုက်ကူးရာတွင်ဌာနကချမှတ်ထားသည့် Media Engagement  Plan ကို ရိုက်ကူးရန် လိုအပ်ပါကြောင်း၊ သတင်းများအပြင်ပြည်သူများစိတ်ဝင်စားမှုရှိသည့်အကြောင်းအရာများ၊ ဒေသအလိုက် ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးပေးပို့စေလိုကြောင်းပြောကြားသည်။


ထို့နောက် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် ဓာတ်ပုံကျွမ်းကျင်-၂  ဦးကျော်ကျော်လတ်တို့က ခရိုင်မြို့နယ်၊ မြို့ရုံးများမှ အမှုထမ်းများအားဗီဒီယို ရိုက်ကူးနည်းများအားလည်းကောင်း၊ ပြင်ပသင်တန်းနည်းပြကတည်းဖြတ်နည်းများအား လည်းကောင်း ဇွန်( ၂၇ )ရက်နေ့မှ (၃၀)ရက်နေ့အထိ(   ၄ )ရက်ကြာ စာတွေ့ လက်တွေ့လေ့ကျင့် သင်ကြား ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ငွေဇင်ယော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)