MNP ၊ ဇွန် ၂၈
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှုထမ်း၊ အရာထမ်းများ ဗီဒီယိုရိုက်ကူးခြင်း တည်းဖြတ်ခြင်းများကို မဖြစ်မနေတတ်သိနားလည်ထားရန်လိုအပ်သည့်အတွက် ရိုက်ကူးတည်း ဖြတ်နည်းဆွေးနွေးပွဲကိုယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါမြင့်မြင့်ခိုင်က မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်တွင် ပြည်သူကိုသတင်းများ ပြန်ကြားပေးရမည့် တာဝန်ပါရှိပါကြောင်း၊ ဝန်ကြီးဌာနက ရုပ်မြင်သံကြား၊ ရေဒီယိုနှင့်လူမှုမီဒီယာများမှသတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပြီး သတင်းစာတွင်လည်းသတင်းများ ထုတ်ပြန်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ယနေ့ ခေတ်တွင်ပြည်သူများ၏ သတင်းရယူသုံးစွဲမှုပုံစံသည် ပြောင်းလဲလာပါကြောင်း၊ အများစုသည် မိုဘိုင်းဖုန်းများမှ တစ်ဆင့်သတင်းများကို ဖတ်ရှုကြကြောင်း၊ ပြောင်းလဲလာသည့်သတင်းစီးဆင်းမှုအ ရပြည်သူအများစု အသုံးပြုသည့်လူမှုမီဒီယာ၊ အွန်လိုင်းမီဒီယာများတွင်သတင်းများအားဖော်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဗီဒီယိုသတင်းများကို ရိုက်ကူးပေးပို့နိုင်ရန်အတွက်ဆွေးနွေးရခြင်းဖြစ်ပါကြောင်း၊ သတင်းရိုက်ကူးရာတွင်ဌာနကချမှတ်ထားသည့် Media Engagement Plan ကို ရိုက်ကူးရန် လိုအပ်ပါကြောင်း၊ သတင်းများအပြင်ပြည်သူများစိတ်ဝင်စားမှုရှိသည့်အကြောင်းအရာများ၊ ဒေသအလိုက် ဓလေ့ထုံးစံများ၊ ပွဲတော်များ စသည်တို့ကိုလည်း ရိုက်ကူးပေးပို့စေလိုကြောင်းပြောကြားသည်။
ထို့နောက် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းများကို လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်ကျော်လတ်တို့က ခရိုင်မြို့နယ်၊ မြို့ရုံးများမှ အမှုထမ်းများအားဗီဒီယို ရိုက်ကူးနည်းများအားလည်းကောင်း၊ ပြင်ပသင်တန်းနည်းပြကတည်းဖြတ်နည်းများအား လည်းကောင်း ဇွန်( ၂၇ )ရက်နေ့မှ (၃၀)ရက်နေ့အထိ( ၄ )ရက်ကြာ စာတွေ့ လက်တွေ့လေ့ကျင့် သင်ကြား ဆွေးနွေး ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ငွေဇင်ယော်
https://t.me/MyanmarNationalPost
No comments:
Post a Comment