Pages

Pages

ကန့်ဘလူမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

 



MNP ၊    ဇွန်   ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် (၃၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲများကို ဇွန်လ ၂၆ ရက် နံနက် ၉:၃၀ နာရီအအချိန်က ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးဦးစိုးရွှေအောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူး ဒုတိယရဲမှူးကြီး သောင်းထိုက်က (၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြည်ထဲရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှ ပေးပို့သည့် သ၀ဏ်လွှာအား ဖတ်ကြားပါသည်။


ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသူများအား တာ၀န်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲသို့ တက်ရောက်လာကြသော ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပြီး ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များနှင့် ပြိုင်ပွဲဆုရပန်းချီ၊ ပိုစတာ၊ ကာတွန်းပုံများအား ကြည့်ရှု့လေ့လာခဲ့ကြကြောင်း သိရသည်။


အောင်၀င်းငြိမ်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment