Pages

Pages

မုံရွာမြို့မှ ဆိုင်ကယ်ခိုးဂိုဏ်းအား ဖမ်းဆီးရမိ




MNP ၊ ဇွန် ၂၇ 

 မနေ့က ညနေ ၅ နာရီခန့်တွင် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ကန်ပတ်လမ်း၌ နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့ဝင်များသည် လှည့်ကင်းဆောင်ရွက်နေစဉ် Fancy-2 စားသောက်ဆိုင် အနီး လမ်းကြား၌ တွေ့ရှိသည့် အောင်ဆွေလင်း(ခ)မယ်သီအား စစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် အိတ်အတွင်းမှ ဓားဦးချွန် ၁ ချောင်း၊ ကော်သေနတ် ၁ လက်တိုအားတွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး အောင်ဆွေလင်း(ခ)မယ်သီ ၏ စစ်ဆေးပေါ်ပေါက်ချက်အရ ၎င်းတို့သည် အုပ်စုဖွဲ့ ဆိုင်ကယ်ခိုးသူများဖြစ်ကြောင်း သိရသည်။

အောင်ဆွေလင်း(ခ)မယ်သီ အား စစ်ဆေးရာ ရေချမ်း၊ မောင်ဦး(ခ)ကိုဦးတို့နှင့် အတူ ဆိုင်ကယ်များခိုးယူကြောင်း စစ်ဆေးသိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ရာ ရေချမ်းနှင့် မောင်ဦး(ခ)ကိုဦး တို့အား ၎င်းတို၏ နေအိမ်အသီးသီ၌ ၎င်းတို့ခိုးယူထားသည့် ဆိုင်ကယ် ၂ စီး၊ သံတုတ် ၄ ချောင်း၊ ပလာယာ ၁ ချောင်း၊ စပန်နာ ၁ ခု၊ ဂွင်းဂွ ၁ ချောင်း၊ ဝက်အူလှည့် ၁ ချောင်း၊ သံဆူးချွန် ၄ ချောင်း၊ လက်နှိပ်ဓာတ်မီး ၁ ခုတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်စပ်တရားခံများ ထပ်မံစစ်ဆေးရာ ၎င်းတို့ခိုးယူထားသည့် ပစ္စည်းများအား အောင်ဖြိုးကို(ခ) အောင်ဖြိုး မှ တဆင့် ခိုင်ထူး  ထံသို့ ရောင်းချလေ့ရှိကြောင်း သိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ အောင်ဖြိုးကို(ခ) အောင်ဖြိုး နှင့် ခိုင်ထူး တို့နှင့်အတူ ဆိုင်ကယ် ၂ စီးတို့အား နေအိမ်တွင် အသီးသီးတွေ့ရှိခဲ့ပြီး ၎င်းတရားခံများအား ဖမ်းဆီးခဲ့ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost 

No comments:

Post a Comment