ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဌာနဆိုင်ရာများနှင့် ပြည်သူများအား ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးများ ထိုးနှံပေးသွားမည်ဖြစ်


MNP ၊    ဇွန်   ၁၁6

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင်  ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်၊ တတိယအကြိမ်၊ စတုတ္ထအကြိမ်နှင့် ပဉ္စမအကြိမ်များ ထိုးနှံရမည့် ပြည်သူများအား ထပ်ဆောင်း ကိုဗစ်ရောဂါကာကွယ်ဆေးများကို ဇွန်လ(၁၂)ရက်နေ့မှ (၁၅)ရက်နေ့အထိ ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ(ဂွမြို့)၊ ကျိန္တလီတိုက်နယ်ဆေးရုံဝင်း၊ ဆပ်သွား၊ ကုလားပြင်၊ ညောင်ချောင်း၊ တောင်ပေါက် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနတို့တွင်ဇွန်လ(၁၂)ရက်နေ့ နံနက်(၁၀)နာရီမှစတင်ကာ ထိုးနှံပေးသွားမည်ဖြစ်သည်။


ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား  ပဉ္စမအကြိမ်၊  တတိယအကြိမ်ထိုးနှံပြီး (၆)လပြည့်ပြီးသူများအား စတုတ္ထအကြိမ် ၊ ဒုတိယအကြိမ်ထိုးပြီး (၆)လပြည့်ပြီးသူများအား တတိယအကြိမ်နှင့် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့်သူများ ပါဝင်ကြောင်း သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)