ခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များ နှင့် တွေ့ဆုံ







MNP ၊    ဇွန်   ၂၃

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည်  မိုခါမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက်  ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များ အား တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ် ခဲ့သည်။ 


ရှေးဦးစွာ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေ နှင့်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးနေဦးတို့က  ဒေသအတွင်းရှိ ရေလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာ  မိုခါမုန်တိုင်းကြောင့်  ပြန်လည်ထူထောင်ရေး လုပ်ငန်း များ နှင့် ပတ်သတ်၍ ဆောင်ရွက်ရာတွင် ရေလုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ အခက်အခဲ များ၊ လိုအပ်ချက်များ၊ နိုင်ငံတော်မှ ပံ့ပို့ပေးရမည့်အခြေအနေများအား တင်ပြဆွေးနွေးကြစေရန်လိုကြောင်း နှင့် ရေငန်ပုဇွန် နှင့်  ရေငန် ငါးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အသေးစိတ် ဆွေးနွေးကြရန် လို ကြောင်း စသည့် တို့ကို ပြော ကြားခဲ့သည်။ 


ထို့နောက် ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဒုတိယညွန်ကြားရေးမှူး ဦးနိုင်ဝင်း သိန်းက မိမိတို့ ဌာနမှ ငါးလုပ် ငန်း ဆိုင်ရာ ကိစ္စရပ် များဆောင်ရွက်နေမှု အခြေအနေများ ၊ ငါး/ပုဇွန်မွေးမြူထုတ်လုပ်ရေး လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဆောင်ရွက် နေမှုများ နှင့် ငါးမဖမ်းစီးရ ရာသီအတွင်း ငါးဖမ်းစီးမှု မရှိစေရေး ဆောင်ရွက် နေမှုများ ၊ နောင် လာ နောင်သားများ ငါးစား သုံး နိုင်ရေးအတွက် ငါးသယံဇာတထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြကြောင်း နှင့် ငါးမျိုးကောင်းမျိုးသန့်မွေးမြူကာ ဖြန့်ဖြူရေးလုပ်ငန်းများ ဆောင်ရွက် နေပါကြောင်း  ၊ ရေချို နှင့် ရေငန် ငါးမွေးမြူနိုင်ရေး နှင့် ပတ်သတ်၍  စသည့်တိုကို အသေးစိတ် ဆွေးနွေးတင်ပြခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသော ငါး/ပုဇွန် မွေးမြူရေး လုပ်ငန်း ရှင်   ၊ ငါးဖမ်းလုပ်ငန်းရှင် ၊ ရေထွက်ပစ္စည်း ရောင်း ဝယ် ရေး လုပ်ငန်း ရှင် နှင့် ရေထွက်ပစ္စည်းပြည်ပသို့ တင်ပို့သည့် လုပ်ငန်းရှင်များမှ မိမိတို့၏ ကဏ္ဍအလိုက်  အခက် အခဲ များ နှင့် လိုအပ် ချက် များအား အသေးစိတ် ဆွေးနွေးတင်ပြခဲ့ကြရာ လိုအပ်သည်များအား တာဝန်ရှိသူများက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ ကြောင်း သိရသည်။ 


အဆိုပါ အခမ်းအနားသို့ ခရိုင်အဆင့်ဌာနဆိုင်ရာများ နှင့်  ရေလုပ်ငန်းရှင် ၆၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)