Pages

Pages

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ဝါး၊ ထရံ ရောင်းချသူများ အဆင်ပြေ




MNP ၊    ဇွန်   ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ဝါး၊ ထရံ ရောင်းချသူများအနေဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ဝါး၊ ထရံ ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် ဥတ္တရသီမြို့နယ် အတွင်းရှိ တောင်ညိုကျေးရွာနှင့်မိုးစွေကျေးရွာတို့မှ ကုန်ကြမ်းအဖြစ် ဝါးများကိုဝယ်ယူရပြီး ကုန်ချော အနေဖြင့် ထရံလက်ချော တစ်ပေ ပတ်လည်ကို ၂၅၀ကျပ်နှုန်းဖြင့်လည်းကောင်း၊ ပုရွက်ထောင် ထရံ တစ်ပေပတ်လည်ကို ၃၀၀ကျပ်နှုန်းဖြင့် လည်းကောင်း၊  ၅ ပေ ၁၀ ပေ ဝန်းထရံကတ် တစ်ချပ်ကို ၄၀၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ၃ ပေ ၁၀ ပေ ဝန်းထရံကတ် တစ်ချပ်ကို ၃၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း  ရောင်းချရပြီး ကုန်ကြမ်းအနေဖြင့် ဝါးကြီးတစ်လုံးကို ၈၀၀ ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ဝါးလတ်တစ်လုံးကို ၄၀၀ ကျပ်နှုန်းဖြင့် လည်းကောင်း၊ ဝါးသေးတစ်လုံးကို ၃၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း သိရသည်။


ကျော်စွာဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment