ကျောင်း၀န်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်း၀န်းကျင်သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်






MNP ၊    ဇွန်   ၁၀

     ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီ​မြို၌ အပတ်စဥ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီ အချိန်တွင် အထကခွဲ လင်းသာ အခြေခံပညာအထက်တန်းကျောင်း၀န်းကျင်သန့်ရှင်းသာယာ လှပရေးအတွက် ဆောင်ရွက်ခဲ့ကြကြောင်းသိရ သည်။


         ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်အထကခွဲ လင်းသာအခြေခံပညာအထက်တန်း ကျောင်းခြံ၀င်းအတွင်းရှိ ခြုံနွယ်များ​​၊ကျောင်း​ရှေ့လမ်း​​ဘေးဝဲယာရှိ​ခြုံနွယ်များ၊ ခုတ်ထွင် ရှင်းလင်းခြင်း ၊ အမှိုက်ကောက်ခြင်းနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းအတွင်းရှိအမှိုက်များရှင်းလင်းခြင်းများ ကို ဆောင်ရွက်ခဲ့ကြသည်။


         စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာသို့   ငပလီမြို့ အုပ်ချုပ်ရေးမှူးဦးနိုင်လင်း၊  မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့၀င်များ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှု​ရေးအသင်းအဖွဲ့များက စုပေါင်းဆောင်ရွက်ခဲ့​ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)