Pages

Pages

ကျောက်တန်းမြို့နယ်၊ ရွှေပျောက်ကျေးရွာအုပ်စု၊ ကျိုက္ကမော့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဖွဲ့စည်း


MNP ၊    ဇွန်   ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာတစ်ရွာတစ်ယူနစ်ဖြင့် ဆက်လက်ဆောင်ရွက်ရန်အတွက် ရွှေပျောက်ကျေးရွာအုပ်စု၊ ကျိုက္ကမော့ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့အား ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းဝင်းလတ်နှင့်ဝန်ထမ်းများမှ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာမြစိမ်းရောင်အဖွဲ့ ဖွဲ့စည်းခြင်းကို (၂၈-၆-၂၀၂၃)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်၊၊


ကျောက်တန်းမြို့နယ်သည် ကျေးရွာအုပ်စု(၄၅)အုပ်စု၊ ကျေးရွာပေါင်း(၈၀)ရွာရှိပြီး ကျောက်တန်း​မြို့​နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကျေးရွာ(၄၂)ရွာ၊ (၄၀)ယူနစ်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ အရောင်းအဝယ်၊ အသက်မွေးဝမ်း​​ကျောင်း လုပ်ငန်းများလုပ်ကိုင်နိုင်ရန် ကျေးလက်နေပြည်သူများအား အတိုးနှုန်းသက်သာစွာဖြင့် တစ်ပိုင်တစ်နိုင်ဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်နှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတတ်လာစေရန် ချေးငွေများကို ထုတ်ချေးပေးလျက်ရှိပါကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment