MNP ၊ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့ကျေးရွာ မျိုးစေ့ထုတ် တောင်သူ ဦးကျော်ဝင်းစိန်၏ လယ်မြေ ၁၆.၀၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ဝင်းနိုင်မှ ပိုက်ဆံလျှော် မြေခံထည့်သွင်းရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများမှ ပိုက်ဆံလျှော် မြေခံထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment