Pages

Pages

ဓနုဖြူမြို့နယ်၌ မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း အခမ်းအနားကျင်းပ


MNP ၊    ဇွန်   ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မိုးစပါးမြေဆီလွှာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မြေခံထည့်သွင်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ထီကွေ့ကျေးရွာအုပ်စု၊ ထီကွေ့ကျေးရွာ မျိုးစေ့ထုတ် တောင်သူ ဦးကျော်ဝင်းစိန်​၏ လယ်မြေ ၁၆.၀၀ ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးချစ်ဝင်းနိုင်မှ ပိုက်ဆံလျှော် မြေခံထည့်သွင်းရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသော ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ဝေအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တောင်သူများမှ ပိုက်ဆံလျှော် မြေခံထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment