ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန် တုပ် ကွေးရောဂါကာကွယ်ရေးအသိပညာ‌ဟော ပြောပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန် တုပ် ကွေးရောဂါကာကွယ်ရေးအသိပညာ‌ဟော ပြောပွဲပြုလုပ်






MNP ၊    ဇွန်   ၂၁

   မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ကျောင်းသားကျောင်းသူများ ခြင်မှတဆင့်သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၁ နံနက် ၁၀ နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ် ခဲ့သည်။

     

အသိပညာပေးဟောပြောပွဲပြုလုပ်ရာ တွင် ကျိုက်ထိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌ ဒေါ်သန်းသန်းစိုးက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ယုယုချိုက ခြင်မှတဆင့်ကူးစက်နိုင်သည့်ရောဂါများ ၊နေ့လည်ဘက်ကိုက်တတ်သည့်ခြင်များကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ခြင်း၊ညဘက်နှင့်နံနက်ပိုင်းတွင်ကိုက်သည့်ခြင်များကြောင့် ငှက်ဖျား ရောဂါဖြစ်သည့်အတွက် မိမိကိုယ်လုံခြုံစေရန် အဝတ်အစားထူထူဝတ်ဆင်ခြင်း၊ ညဘက်အိပ်ရာဝင်လျှင် ခြင်ထောင်ဖြင့်အိပ်ခြင်း ဘုရားပန်းအိုးဘုရားသောက်တော်ရေလဲပေးခြင်း၊အိမ်ရှိ‌သောက်သုံးရေများကိုဖုံးအုပ်ထားခြင်း၊ရေဝပ်စေသည့် အသုံး

အဆောင်များကိုမှောက်ထားခြင်း၊အသုံး မပြုသည့်ရေများအားသွန်ပစ်ခြင်း၊အိမ်ရှိအမှိုက်သရိုက်များကိုကျင်းတူး‌မြေမြုပ်ခြင်းနှင့် ကျန်းမာရေးဌာနမှဖြန့်ဝေပေးလျှက်ရှိသည့် အဘိတ်ဆေးများဖြင့် မိမိတို့အသုံးပြုသည့်ရေကန်၊ရေတိုင်ကီ၊စဉ့်အိုး၊အစရှိသည့်‌ရေသုံးပစ္စည်းများတွင်ထည့်ထားခြင့်ဖြင့်ခြင်အန္တရာယ်ကင်းရှင်းပြီးသွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျား ရောဂါကင်းဝေးမှာဖြစ်ကြောင်းပြောကြားခဲ့သည်။

 

 ယင်းနောက် ယာယီကျောင်းအုပ် ဆရာမ ကြီး‌ ဒေါ်စန်းစန်းအေး မှကျေးဇူးတင်စကား ပြောကြားပြီးအသိပညာ‌ပေးဟောပြောပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)