MNP ၊ ဇွန် ၂၁
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ကျောင်းသားကျောင်းသူများ ခြင်မှတဆင့်သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၁ နံနက် ၁၀ နာရီတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပပြုလုပ် ခဲ့သည်။
အသိပညာပေးဟောပြောပွဲပြုလုပ်ရာ တွင် ကျိုက်ထိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဌ ဒေါ်သန်းသန်းစိုးက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကိုပြောကြားပြီး ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာန သားဖွားဆရာမ ဒေါ်ယုယုချိုက ခြင်မှတဆင့်ကူးစက်နိုင်သည့်ရောဂါများ ၊နေ့လည်ဘက်ကိုက်တတ်သည့်ခြင်များကြောင့် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပေါ်ခြင်း၊ညဘက်နှင့်နံနက်ပိုင်းတွင်ကိုက်သည့်ခြင်များကြောင့် ငှက်ဖျား ရောဂါဖြစ်သည့်အတွက် မိမိကိုယ်လုံခြုံစေရန် အဝတ်အစားထူထူဝတ်ဆင်ခြင်း၊ ညဘက်အိပ်ရာဝင်လျှင် ခြင်ထောင်ဖြင့်အိပ်ခြင်း ဘုရားပန်းအိုးဘုရားသောက်တော်ရေလဲပေးခြင်း၊အိမ်ရှိသောက်သုံးရေများကိုဖုံးအုပ်ထားခြင်း၊ရေဝပ်စေသည့် အသုံး
အဆောင်များကိုမှောက်ထားခြင်း၊အသုံး မပြုသည့်ရေများအားသွန်ပစ်ခြင်း၊အိမ်ရှိအမှိုက်သရိုက်များကိုကျင်းတူးမြေမြုပ်ခြင်းနှင့် ကျန်းမာရေးဌာနမှဖြန့်ဝေပေးလျှက်ရှိသည့် အဘိတ်ဆေးများဖြင့် မိမိတို့အသုံးပြုသည့်ရေကန်၊ရေတိုင်ကီ၊စဉ့်အိုး၊အစရှိသည့်ရေသုံးပစ္စည်းများတွင်ထည့်ထားခြင့်ဖြင့်ခြင်အန္တရာယ်ကင်းရှင်းပြီးသွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျား ရောဂါကင်းဝေးမှာဖြစ်ကြောင်းပြောကြားခဲ့သည်။
ယင်းနောက် ယာယီကျောင်းအုပ် ဆရာမ ကြီး ဒေါ်စန်းစန်းအေး မှကျေးဇူးတင်စကား ပြောကြားပြီးအသိပညာပေးဟောပြောပွဲကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment