Pages

Pages

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာကြီး၊ ဆရာမကြီးများ အားစားသုံးသူကာကွယ်ရေးဆိုင်ရာများ အသိပညာပေးဟောပြော




MNP ၊    ဇွန်   ၂၈

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာဗဟုသုတများရရှိပြီး  မိမိတို့ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား ပြန်လည်မျှဝေဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့‌သည်။


အသိပညာပေးဟောပြောပွဲတွင် ပြည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းဆွေက စားသုံးသူကာကွယ်ရေးဥပဒေများအကြောင်း၊ စားသုံးသူအဓိပ္ပါယ်၊ စားသုံးသူအခွင့်အရေးများ (၈)ချက်ပါအကြောင်းအရာများ၊ စားသုံးသူတို့၏ အခွင့်အရေးနှင့် လိုက်နာရမည့်အချက်များအကြောင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်း‌အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများရှိပါက တိုင်ကြားရမည့်နည်းလမ်းများနှင့် ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဓမ္မသော်တိုက်နယ်ဆရာဝန် ဒေါက်တာမျိုးမင်းဇော်က ကျောင်းကျန်းမာရေးပညာပေးလုပ်ငန်းများနှင့် ပက်သက်ပြီးရှင်းလင်းပြောကြားသည်။


အဆိုပါဆွေးနွေးဟောပြောပွဲသို့ မြို့နယ်အတွင်းရှိအခြေခံကျောင်းမှ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး ၂၀၀ ကျော် တက်ရောက်ပြီး ဟောပြောပွဲမှအသိပညာဗဟုသုတများအား ကျောင်းသား၊ ကျောင်းသူများအား ယင်းအသိပညာများ ပြန်လည်ဖြန့်ဝေဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


သန်းထွန်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment