တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် အစိုးရနိကာယ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအား အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်တွင် ၂၀၂၃-ခုနှစ် အစိုးရနိကာယ်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအား အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်း






MNP ၊    ဇွန်   ၅

မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာထွန်းကား​စေရန်နှင့် ပရိယတ္တိသာသနာအကျိုးကို သယ်ပိုးထမ်းဆောင် ကြမည့် သာသနာ့အာဇာနည်ကြီးများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော နိကာယ်စာမေးပွဲများကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် နတ်ချောင်းရပ်ကွက်ရှိ မြန်မာသီရိလင်္ကာရာမကျောင်းတိုက်တွင်လည်း မြို့နယ်သာသနာရေးဦးစီး ဌာန၏ စီစဉ်မှုဖြင့် မြို့နယ်အတွင်းရှိ ဩဝါဒစရိယဆရာတော်ကြီးများ၊ အထူးကြီးကြပ်ရေးဆရာတော်များနှင့် ကြီးကြပ် ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ၂၀၂၃ - ခုနှစ် နိကာယ်စာမေးပွဲကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင်များ ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် နိကာယ်စာမေးပွဲ ဖြေဆိုနေမှု အခြေအနေ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူ များက ကြည်ညိုဖူးမြော်ခဲ့ကြပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။


ထို့အပြင် ၂၀၂၃ခုနှစ်အစိုးရနိကာယ်စာ​မေးပွဲတွင် ဝင်ရောက်ဖြေဆိုကြသည့် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင် တိုက်များမှ စာဖြေသံဃာတော်နှင့် သီလရှင်များအား သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့မှ လှူဒါန်း​သော အားဖြည့် အချိုရည်နှင့် ​ရေသန့်ဘူးများကို တာ​မွေမြို့နယ် မိခင်နှင့်က​လေး​စောင့်​ရှောက်ရေးအသင်းဥက္ကဌနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)