ဗိုလ်ချုပ်စိုးနိုင်ဦး မိုးစပါးစိုက်ဧကပြည့်မီရေးနှင့် လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်စိုးနိုင်ဦး မိုးစပါးစိုက်ဧကပြည့်မီရေးနှင့် လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးတက်ရောက်



MNP ၊    ဇွန်   ၂၇

ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ မိုးစပါးစိုက်ဧကပြည့်မီရေးနှင့် လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၇ ရက်နံနက် ၁၀:၃၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ လေဘေးသင့် ဒေသများအားပြန်လည် ထူထောင်ရေးဆောင်ရွက်ရန်တာဝန်ပေးအပ်ထားသည့် ဗိုလ်ချုပ်စိုးနိုင်ဦးသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။


ရှေးဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦး က အဖွင့်အမှာစကားပြောကြားရာတွင် သံတွဲခရိုင်အတွင်း မိုးစပါးစိုက်ဧကပြည့်မီရေးနှင့် အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်ရန် ၊ မျိုးစပါးနှင့် ဓာတ်မြေဩဇာရရှိမှုတို့ကို အလေးထားဆောင်ရွက်ကြရန်နှင့် လယ်ယာ၊သားငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တစ်ပိုင်တစ်နိုင်မွေးမြူရာမှ စီးပွါးဖြစ် မွေးမြူကြရေးတို့ကို သက်ဆိုင်ရာဌာနများက အသိပညာပေးပူးပေါင်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးချစ်နှင့် ခရိုင်အဆင့် စိုက်ပျိုးရေး ၊မွေးမြူ‌ရေး နှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ တာဝန်ရှိသူများ က  သံတွဲခရိုင်အတွင်း  မိုးစပါးစိုက်ဧကပြည့်မီရေးနှင့် လယ်ယာ သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ သံတွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်၊ ဂွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇာနည်ကျော်နှင့် သက်ဆိုင်ရာဌာနများက မြို့နယ်အလိုက် မိုးစပါးစိုက်ပျိုးလျာထားဧက၊ စိုက်ပျိုးထားရှိမှုအခြေအနေနှင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။ ထိုသို့တင်ပြမှုများအပေါ် ဗိုလ်ချုပ်စိုးနိုင်ဦး က လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရှိရသည်။

သန့်ဇင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)