MNP ၊ ဇွန် ၂၁
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲကိုယနေ့ နေ့လယ် (၂)နာရီက ကဒါရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိ ဦးနေဇင်သက် ကစားသုံးသူများအနေဖြင့် ဆိုးဆေးများပါဝင်သောအစားအစာများကိုရှောင်ကျဉ်ကြရန် ၊နိုင်ငံခြားမှတင်သွင်းလာသည့်အစာများတွင် မြန်မာစာလုံးပါဝင်သောအစားများကိုသာရွေးချယ်စားသုံးကြရန်၊FDA မှခွင့်ပြုထားသည့်အစားအသောက်များကိုသာ စားသောက်ကြပါရန် စသည့်အကြောင်းအရာများအပြင်ပြည်သူများသိသင့်သိထိုက်သည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာသုံးသူများအနေဖြင့် ဟင်းသီးဟင်းရွက်များကို မိမိအိမ်တွင်စိုက်ပျိုးခြင်းမဟုတ်ဘဲအပြင်မှဝယ်ယူပါကဆားရည် (၁၅)မိနစ်ခန့်စိမ်ပြီးမှသာ ချက်ပြုတ်သင့်ပါကြောင်းအပြင် အခြားသိသင့်သိထိုက်သောအချက်များကိုဆွေးနွေးခဲ့သည်။
ဆက်လက်၍ ကဒါရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသန်းဌေး ကကျေးဇူးတင်စကားပြောကြားပြီး ပြည်သူများကသိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment