ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်း၊ စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ပစ္စည်းများ လှူဒါန်း၊ စာသင်ကျောင်းများအား ကြည့်ရှုစစ်ဆေး








MNP ၊    ဇွန်   ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် တာ၀န်ရှိသူများ နှင့် အတူ  မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး  ပျက်စီးခဲ့သည့် ဘုန်းတော်ကြီး ကျောင်းများ အတွက်  ထောက်ပံ့ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်း က မြေပြင်ကွင်းဆင်း လိုက်လံ‌ထောက်ပံ့ လှူဒါန်း‌ပေးအပ် ခဲ့ကြ သည်။


အဆိုပါ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌ ဦးကံထွန်းအောင် ၊ ဘေးအန္တရာယ်စီမံခန်ခွဲမှု ဦးစီးဌာန မောင်တောခရိုင်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦး မောင်မောင်ကြီး  နှင့် တာ၀န်ရှိသူများသည်  မောင်တောမြို့နယ်အတွင်း မုန်တိုင်းဘေးကြောင့် လေဘေးသင့်ပြီး  ပျက်စီး ခဲ့ သည့်  ဘုန်းတော်ကြီးများဖြစ်သော  အောင်ဗလကျောင်း ၊ အောင်မြေဗောဓိကျောင်း ၊ ဘင်္ဂလားဒေ့ရှ်ကျောင်း ၊ သဒ္ဓမ္မပါလ (၃) မိုင်ကျောင်း ၊ တပ်ဦးကျောင်း ၊ မကျည်းကုန်းကျောင်း ၊ ဝေသာလီကျောင်း ၊ ရွှေဗဟိုလ်ကျောင်း ၊ သရီကုန်း ဘောင် ကျောင်း ၊  မောရဝတီကျောင်း ၊ အလယ်သံကျော်ကျောင်း ၊ ဉဒေါင်းကျောင်း စသည့် ဘုန်းကြီး ကျောင်းများသို့ သွား ရောက် ပြီး ကျောင်းထိုင်ဆရာတော်များအား ဖူးမျှော်ကြည်ညိုကာ န၀ကမ္မအလှူငွေများ ၊ ဆန် ၊ ခေါက်ဆွဲခြာက် ၊ ဂတ်(စ်)မီးဖို ၊ဂတ်(စ်)ဘူး ၊ အချိုရည် တို့အား ကျောင်းထိုင်ဆရာတော်များထံသို့ တာ၀န်ရှိသူများက အသီးသီး ထောက်ပံ့ လှူဒါန်း ခဲ့ကြသည်။


 ယင်း နောက် ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်‌ဆွေသည် တာဝန်ရှိသူများ နှင့်အတူ  အလယ် သံကျော် ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း နှင့် မောရဝတီကျေးရွာရှိ အခြေခံပညာ အ လယ်တန်းကျောင်း များတွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အတွင်း  အတန်းအလိုက် ကျောင်းသား ၊ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့်  ပညာသင်ယူ လျက်ရှိသည်များအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ဆရာကြီး နှင့် ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ စာသင်ကျောင်းများအတွက် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရ သည်။ 


သက်လွင်စိုး ၊ အောင်ကျော်စိန် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)