တောင်ကုတ်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက်ကျောင်းသား၊ကျောင်းသူများသို့ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ အသက်(၅)နှစ်နှင့်အထက်ကျောင်းသား၊ကျောင်းသူများသို့ ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ





MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက်ကျောင်းသား ၊ ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင် ၍ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၂၃၀၇)ဦးရှိသည့်အနက်(၁၆၅၆)ဦးကို ထပ်ဆောင်း ကာကွယ် ဆေးအဖြစ် လည်းကောင်း ၊ အသက် (၅)နှစ်ပြည့်ပြီး KG ကျောင်းသား၊ကျောင်းသူ စာရင်းရှိ (၂၈၇၈)ဦးရှိသည့်အနက်(၆၅)ဦးကို(ပထမ)အကြိမ်အဖြစ်လည်းကောင်း ထိုးနှံ ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပညာ ရေးမှူးရုံး မှသိရသည်။


ကျောင်းသား၊‌ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အဆင်ပြေစေ ရန်အတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အိအိငြိမ်းနှင့်အဖွဲ့ဝင်များက ကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)