MNP ၊ ဇွန် ၂၈
ရခိုင်ပြည်နယ်၊တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်တွင် အသက်(၅)နှစ်နှင့်အထက်ကျောင်းသား ၊ ကျောင်းသူများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်မှစတင် ၍ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာခန်းမ၌ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသည့် အသက်(၁၂)နှစ်မှ (၁၈)နှစ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၁၂၃၀၇)ဦးရှိသည့်အနက်(၁၆၅၆)ဦးကို ထပ်ဆောင်း ကာကွယ် ဆေးအဖြစ် လည်းကောင်း ၊ အသက် (၅)နှစ်ပြည့်ပြီး KG ကျောင်းသား၊ကျောင်းသူ စာရင်းရှိ (၂၈၇၈)ဦးရှိသည့်အနက်(၆၅)ဦးကို(ပထမ)အကြိမ်အဖြစ်လည်းကောင်း ထိုးနှံ ပေးနိုင်ခဲ့ကြောင်း မြို့နယ်ပညာ ရေးမှူးရုံး မှသိရသည်။
ကျောင်းသား၊ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် အဆင်ပြေစေ ရန်အတွက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အိအိငြိမ်းနှင့်အဖွဲ့ဝင်များက ကူညီ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment