Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကညင်တန်းရပ်ကွက် ပန်းတောပြင်သွားလမ်းတွင် ဆိုင်ကယ်မောင်းနှင်းလာသူထံမှ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိ


MNP ၊    ဇွန်   ၂၈

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ကညင်တန်းရပ်ကွက် ပန်းတောပြင်သွားလမ်းတွင် ဆိုင်ကယ်မောင်းနှင်း လာ သူထံမှ  ယမန်နေ့ ညနေ ၁၇ နာရီ ၃၀ မိနစ်အချိန်  စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။


ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည်  သတင်းအရ ကညင်တန်းရပ်ကွက် ပန်းတောပြင် သွား လမ်းတွင်အနီးစောင့်ဆိုင်းနေစဉ် မသင်္ကာဖွယ် ဆိုင်ကယ်မောင်းနှင်းလာသူတစ်ဦးအားစစ်ဆေးရာ CAN DA-125 အမျိုး အစား အနီရောင်ဆိုင်ကယ်အား မောင်းနှင်းလာသူ ကျော်ရှိန်အား စစ်ဆေးရာ ဆိုင်ကယ်ဂွကြားတွင်  U Gyan တံဆိပ်ပါ ပလက်စတစ်လက်ဆွဲအိတ်အတွင်း အဖြူရောင်ပလက်စတစ်အိတ်ဖြင့် ထုပ်ထားသော အထုပ်ကြီး ၂ ထုပ် ၊ အထုပ်ကြီး ၁ ထုပ်လျှင် မြင်းချေးရောင်စက္ကူဖြင့် ထုပ်ပိုးထားသော အထုပ်ငယ် ၅ ထုပ်  ၊ အထုပ်ငယ် တစ်ထုပ် အတွင်း  အပြာရောင် ကပ်ခွာအိတ် ငယ် ၁၀ အိတ် ၊ အပြာရောင်ကပ်ခွာအိတ်ငယ် တစ်ထုတ်အတွင်း WY/R စာတမ်းပါ  လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား (၁၈၀)ပြားစီပါ စုစုပေါင်းကပ်ခွာအိတ် ၁၀၀ အတွင်း ဆေးပြား ၁၈၀၀၀ပြား အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ်ဆေးဝါးများနှင့်အတူ  လက်ဝယ်ထားသယ်ဆောင်လာသူ  ကျော်ရှိန် ၁၈ နှစ် ၊(ဘ)ဦးသာစိန် ၊ လယ်လုပ် ၊ ငွေတောင် ကျေးရွာနေသူအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ) ၁၄/၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉(က) အရ အမှု ဖွင့်လှစ်ကာ တရားဉပဒေအရ အရေးယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ သိရသည်။


ဝေလ

 https://t.me/MyanmarNationalPost




No comments:

Post a Comment