ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ အသောကသီတဂူဘေးမဲ့ကျောင်းဝန်းတွင် မိုးရာသီသစ်ပင်၊ တိရစ္တာန်အစာပင်နှင့် ကော်ဖီစိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြောင်းမြမြို့ အသောကသီတဂူဘေးမဲ့ကျောင်းဝန်းတွင် မိုးရာသီသစ်ပင်၊ တိရစ္တာန်အစာပင်နှင့် ကော်ဖီစိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်

 






MNP ၊ ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀း၃၀အချိန်က မြောင်းမြမြို့နယ် အသောကသီတဂူဘေးမဲ့တောရကျောင်းဝန်းအတွင်း ကျင်းပစိုက်ပျိုးသည့်မိုးရာသီသစ်ပင်၊ တိရစ္ဆာန်အစာပင်နှင့် ကော်ဖီစိုက်ပျိုးပွဲတော် အခမ်းအနားကို တက်ရောက်ခဲ့သည်။


အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရေး၊ စိမ်းလန်းမြေများ တိုးပွား လာစေရေးအတွက် သစ်ပင်စိုက်ပျိုးပွဲတော်များ ကျင်းပစိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ အဟာရတန်ဖိုးမြင့်မားသော တိရစ္ဆာန်အစာပင်များ စိုက်ပျိုးခြင်းဖြင့် တိရိစ္ဆာန်များ မွေးမြူရာတွင် အစာကုန်ကျစရိတ်များ သက်သာစေမှာဖြစ်ကြောင်း၊ ဈေးကွက်ဝင်ကော်ဖီသီးနှံစိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားပြီး MSME လုပ်ငန်းများတိုးပွားလာစေရန် ရည်ရွယ်ကြောင်း စိုက်ပျိုးသည့်အပင်များ ရှင်သန်ကြီးထွားအောင် ပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရမှာဖြစ်ကြောင်း မှာကြားသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်တောဦးစီးဌာနက ကျွန်း(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ ကညင်(၁၀၀)ပင်၊ မယ်ဇယ်(၁၁၄)ပင်၊ မဟော်ဂနီ(၃၀၀)ပင်၊ မျောက်ငို(၁၂)ပင်၊ ဇီးဖြူ(၁၀)ပင်၊ မန်ဂျန်ရှား(၇၀၀)ပင် စုစုပေါင်း သစ်မျိုးစုံ (၈)မျိုး (၁၄၃၆)ပင်အား စိုက်ပျိုးခဲ့သည်။


မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တိရစ္ဆာန်အစာပင် ၁၆၀၀ ပင် စိုက်ပျိုး၍ နွားစာချဉ်ပတ်နှင့် ကောက်ရိုးကိုယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်း ပြုလုပ်မှုအဆင့်ဆင့်တို့ကို လက်တွေ့သရုပ်ပြခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာနက ကော်ဖီသီးနှံတစ်ဧက အပင် ၄၀၀ ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဆောင်၍ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ူဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ မြောင်းမြမြို့နယ်ရှိ သူနာပြုသင်တန်းကျောင်း၊ စိုက်ပျိုးရေးသိပ္ပံ၊ ပညာရေးဒီဂရီ ကောလိပ်တို့မှ ကျောင်းသားကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၇၂၆)ဦးခန့် တက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)