ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား သို့တက်ရောက် ဂန္ဓာရီဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္တုများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့်တာဝန်ရှိသူများ ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနား သို့တက်ရောက် ဂန္ဓာရီဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္တုများ လှူဒါန်း







MNP ၊    ဇွန်   ၂၆

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဘူးသီးတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးတင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဇော်ဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ကွန်တိုင်ကျေးရွာအုပ်စုရှိ အစိုးရစက်မှု (အထက) ကျောင်းခြံဝင်း၌ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကွန်တိုင်ကျေးရွာအုပ်စုရှိ ကျေးရွာသူ/ကျေးရွာသားများ၊ စုစုပေါင်းအင်အား (၃၅၀) ဦးတို့ဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန်အတွက် ၂ဝ၂၃ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်အခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်ခဲ့ပြီး အဆိုပါသစ်ပင်စိုက်ပွဲတော်တွင် ကျွန်း-၁၅၀ပင်၊ ပျဉ်းကတိုး (၁၅၀) ပင်၊ မန်ဂျန်ရှား (၂၀၀) ပင်၊ဗန်ဒါ (၁၅၀) ပင်၊ ရေတမာ (၁၅၀) ပင်၊ သင်္ဂနက် (၁၅ဝ) ပင်၊ ခရေ (၁၅၀) ပင်၊ မယ်ဇလီ (၁၅၀)  ပင်၊ စုစုပေါင်း (၁၂၅၀)ပင် စိုက်ပျိုး ခဲ့ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများသည် အနောက်ရပ်ကွက်ရှိ ဘူးသီးတောင်မြို့နယ် နယ်စပ်ဒေသဂန္ဓာရီလူငယ်ဖွံ့ဖြိုးရေး ပရဟိတ သင်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဖွယ်ဝတ္တုများဖြစ်သော ဆန်၊ ဆီ၊ ငါးသေတ္တာ၊ Gas မီးဖိုနှင့် ခေါက်ဆွဲခြောက်ထုတ်များနှင့် ဘူးသီးတောင် တပ်နယ်မှထွက်ရှိသော ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား ဆက်ကပ်လှူဒါန်းကာ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိသော ကျောင်းသူ/ ကျောင်းသားများနှင့်တွေ့ဆုံ၍ ပညာသင်ကြားချိန်တွင် ပညာကိုစိတ်ဝင်တစား သင်ယူမှတ်သား ကြရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့် အလေ့အထကောင်းများရရှိလာစေရန် အားပေးစကားများပြောကြားကာ ကျောင်းသား/ ကျောင်းသူများအား အာဟာရဖြည့်စွက်စာအဖြစ် နေ့လည်စာတစ်နပ်ကို အသား၊ဟင်းများဖြင့် ကျွေးမွေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါနယ်စပ်ဒေသ ဂန္ဓာရီလူငယ်ဖွံ့ဖြိုးရေး ပရဟိတသင်တန်းကျောင်းတွင် ကျောင်းသား (၁၅၀) ဦး၊ ကျောင်းသူ (၇၅) ဦးစုစုပေါင်း (၂၂၅) ဦး ရှိကြောင်း နယ်စပ်ဒေသ ဂန္ဓာရီလူငယ်ဖွံ့ဖြိုးရေး ပရဟိတသင်တန်းကျောင်း ဂေဟာမှူးဦးသိန်းမောင်ထံမှ သိရသည်။


 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)