Pages

Pages

မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုအမှတ်(၂)လမ်း နိုင်လွန်ကတ္တရာလမ်းသစ် ဖွင့်ပွဲနှင့် ပြည်ထောင်စုဈေးမုခ်ဦးဖွင့်ပွဲ ကျင်းပပြုလုပ်



MNP ၊ ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ လယ်တီရပ်ကွက်ရှိ ပြည်ထောင်စုအမှတ် (၂)လမ်း နိုင်လွန်ကတ္တရာ လမ်းသစ်ဖွင့်ပွဲနှင့် ပြည်ထောင်စုဈေးမုခ်ဦးဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါနေရာများ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြည်ထောင်စုအမှတ်(၂)လမ်းနှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆိုပါ လမ်းသစ်အား လိုက်လံကြည့်ရှုခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြည်ထောင်စုဈေးမုခ်ဦးအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းဓာတ်ပုံများ ရိုက်ကူး ခဲ့ကြသည်။

အဆိုပါ ပြည်ထောင်စုအမှတ်(၂)လမ်း နိုင်လွန်ကတ္တရာလမ်းသစ်၏ အရှည် မှာ ၆၄၂၀ ပေ၊ အကျယ် ၂၀ ပေ၊ ထု ၃ လက်မဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost 

No comments:

Post a Comment