ပေါင်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ကျင်းပ






MNP ၊ မေ  ၃၁

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကျောင်းကျန်းမာရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယနေ့နေ့လယ်က အထကပေါင် ရွှေရတုခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။


ရှေးဦးစွာသထုံခရိုင် ပညာရေးမှုး ဦးခဲမိုင်းက ဇွန်လ(၁)ရက်နေ့သည်ကျောင်းစဖွင့်သည့်ရက်ဖြစ်သည့်အတွက် ကျောင်းသား၊ကျောင်းသူများကို ကျန်းမာရေးအပြင် တစ်ခြားလုံခြုံရေးလုပ်ငန်းများကိုလည်း စနစ်တကျကောင်းမွန်အောင် ကျောင်းအုပ်ကြီးများက အင်တိုက်အားတိုက်ဆောင်ရွက်ပေးကြဖို့လိုအပ်ပါကြောင်း၊ ကျောင်းအတွင်းအပြင်သန့်ရှင်းရေးကိုအထူးဂရုစိုက်ကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်ပညာရေးမှူးဒေါ်စန်းစန်းအေး က သွေးလွန်တုပ်ကွေးရောဂါအပြင် တစ်ခြားကူးစက်ရောဂါများကိုလည်း စနစ်တကျ ကာကွယ်ကြရန်လိုအပ်ပါကြောင်း ကူးစက်ရောဂါကြောင့်ဖြစ်တတ်သော ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို သက်ဆိုင်ရာကျောင်းများ အလိုက် အလှည့်ကျထိုးနှံပေးသွားမည်ဖြစ်ကြောင်းအမှာစကားပြောကြားသည်။


ဆက်လက်၍ ပေါင်မြို့နယ်ကျောင်းကျန်းမာရေးတာဝန်ခံ ဒေါက်တာအိုင်းပရောနွန်ထောကသွားများကိုစနစ်တကျ  တိုက်ပေးခြင်းဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုကောင်းမွန်ခြင်း၊သွားကြောင့်ဖြစ်စေတတ်သောသွားပိုးစားခြင်းအပြင် ရေစီးကမ်းပြိုရောဂါများ ကိုကာကွယ်ပေးခြင်း ၊သွားခံတွင်းအနံဆိုးထွက်ခြင်းမှကာကွယ်ခြင်း၊သွားဝါခြင်းကိုလည်းမဖြစ်ပေါ်စေခြင်း စသည့်သွားကြောင့်ဖြစ်စေတတ်သောရောဂါအကြောင်းအရာများကို ဆွေး‌နွေးခဲ့သည်။


အဆိုပါအခမ်းအနားကို ခရိုင်ပညာရေးမှူး၊မြို့နယ်ပညာရေးမှူး၊ကျောင်းကျန်းမာရေးတာဝန်ခံဆရာဝန်၊မြို့နယ်အတွင်းရှိကျောင်းအုပ်ဆရာကြီး ၊ဆရာမကြီးများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများစုစုပေါင်း (၁၇၀)ဦးခန့်တက်ရောက်ကြကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)