Pages

Pages

လေးမျက်နှာမြို့နယ် အထက-လှော်ကထား အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ


MNP ၊    ဇွန်   ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အထက-လှော်ကထား အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်း၌ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဆရာကြီး ဦးမြင့်စိုးက လူငယ်များ အသိပညာ ဗဟုသုတရရှိစေရန် စာအုပ်စာပေမှ တစ်ဆင့် ဖတ်ရှုလေ့လာကြရန် လိုအပ် ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်များဖြစ်သည့်အခါ ခေါင်းဆောင် ကောင်းများ ဖြစ်လာစေရန် လိုအပ်ကြောင်းဟောပြောခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက တက်ရောက် လာသော ကျောင်းသား၊ ကျောင်းသူများသည် နောင်အချိန်တွင် မိမိကျောင်း၊ မိမိမြို့နယ်၊ မိမိနိုင်ငံအတွက် တိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ ပြီးခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ၌ ပထမဆုရခဲ့သော ကျူံပျော် မြို့နယ် အထက-တောက်တက်ရိုးမှ ကျောင်းသူ နန့်ထိုက်သူလင်းကဲ့သို့ ဂုဏ်ဆောင်နိုင်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လေးမျက်နှာ မြို့နယ်ရုံးမှ အားကစားမှူး ဦးတေဇာမျိုးက လူငယ်နှင့် ရည်မှန်းချက် ခေါင်းစဥ်ဖြင့် လူငယ်များ သည် ရည်မှန်းချက်ကိုယ်စီဖြင့် ကြိုးစားသင့်ကြောင်း၊ ရည်မှန်းချက်မရှိသော သူသည် တက်မ မရှိသောလှေကို လှော်ရသကဲ့သို့ ဦးတည်ရာမရှိ လွင့်မျောနေတတ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ အခမ်းအနားသို့ အထက-လှော်ကထား အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်။


ကျော်ဟိန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment