ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား)နှင့် ခရိုင်ပေါင်းစုံ (အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား)နှင့် ခရိုင်ပေါင်းစုံ (အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲသို့ တက်ရောက်







MNP ၊ ဇွန် ၅

“ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်းဆောင်ရွက်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ဇွန် ၅ ရက် နံနက် ၉ နာရီ က မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အဆင့်သန့်ရှင်း၍ စိမ်းလန်းစိုပြေသောကျောင်းဆုများ၊ တက္ကသိုလ်အဆင့်ဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများကို ဆုများချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ကာလတွင် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ရပ်ဖြစ်လာသည့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေးအတွက် ကဏ္ဍစုံမှ ပေါင်းစပ် ပြီး အစီအမံများ ချမှတ်အကောင် အထည်ဖော်လိုက်နာဆောင်ရွက်စေလိုပါကြောင်း၊ မဖြစ်မနေအသုံး ပြုရန် လိုအပ်သည့်နေရာများတွင်သာ ပလတ်စတစ်ထုတ်ပိုးမှုနှင့် အသုံးအဆောင်များကို သုံးစွဲ၍ လျှော့သုံးပါ (Reduce)၊ ပြန်သုံးပါ (Reuse)၊ ပြန်ထွင်သုံးပါ (Recycle) ဆိုသည့် “3 R” နည်းလမ်းအပြင် မလိုအပ်ဘဲ ပလတ်စတစ်ထုတ်ပိုးမှုများကို ငြင်းပယ်ခြင်းအလေ့အကျင့်ကိုလည်း အားလုံးကလိုက်နာ ဆောင်ရွက်သွားကြမည်ဆိုပါက မိမိတို့အတွက်၊ ပြည်နယ်အတွက်သာမက နိုင်ငံအတွက်အကျိုးများ စွာဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာ ကြားသည်။

ဆက်လက်၍ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ၂၀၂၃ ခုနှစ် ကမ္ဘာ့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး အသိပညာပေးဗီဒီယိုနှင့် ၂၀၂၃ ခုနှစ်၊ အမျိုးသားအဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြေသော ကျောင်းဆု(အထက်တန်းအဆင့်)တွင် ပထမဆုရရှိခဲ့သည့် မြစ်ကြီးနားမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်မှု မှတ်တမ်း ဗီဒီယိုကလစ်များကို ဖွင့်လှစ်ပြသခဲ့ သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ကချင်ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု များကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိယဆုကျောင်းများကိုလည်းကောင်း၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် ကအခြေခံပညာအလယ်တန်းအဆင့်ဆုရကျောင်းများကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးနှင့် ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က အခြေခံပညာမူလတန်းအဆင့်နှင့် ဂုဏ်ပြုဆုရကျောင်း များကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က အထိမ်းအမှတ်နေ့ တက္ကသိုလ်အဆင့် ဆောင်းပါးနှင့် စာစီ စာကုံးပြိုင်ပွဲဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားတက်ရောက်လာသူများ၊ ဂုဏ်ပြုဆုရရှိသူများနှင့်အတူအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး မြို့တော်ခန်းမ အတွင်း ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာများ၏ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဇွန် ၄ ရက် ညနေပိုင်းက ငြိမ်းချမ်းသာယာဖူဆယ် အားကစားရုံ၌ ဇွန် ၁ ရက်နေ့မှ စတင်ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားနှင့် ခရိုင်ပေါင်းစုံ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနား ကို တက်ရောက်ခဲ့ကြပြီး ဗိုလ်လုပွဲစဉ်အဖြစ် ပူတာအိုမြို့နယ်အသင်းနှင့် ဖားကန့်မြို့နယ် အမျိုးသား ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့မှုကို ကြည့်ရှုအားပေးခဲ့ကြရာ ဖားကန့်မြို့နယ်အသင်းက ၅ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ ခရိုင်ပေါင်းစုံအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဆုရအသင်းများအား ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၏ဇနီး၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၏ ဇနီးများ က နေရာအလိုက် အကောင်းဆုံးကစားသမားဆုရရှိသူများနှင့် ပထမဆု၊ ဒုတိယ၊ တတိယဆုရအသင်း များအား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဒိုင်းဆုများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် မြို့နယ်ပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲ ဆုရအသင်းများအား ဆုများပေးအပ် ချီးမြှင့်ရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက နေရာအလိုက် အကောင်းဆုံးအားကစားသမား ဆုများကို လည်းကောင်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးက တတိယဆုရ မြစ်ကြီးနားမြို့နယ် အသင်းအားလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက ဒုတိယဆုရပူတာအိုမြို့နယ်အသင်း အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ပထမဆုရဖားကန့်မြို့နယ် အသင်းအားလည်းကောင်း တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ် ချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရအသင်းအတွက် တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)