ပေါင်မြို့နယ်တွင်သဘာ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်သဘာ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ






MNP ၊    ဇွန်   ၂၈

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ    အသိပညာပေး ဟောပြောပွဲကိုယနေ့ နံနက် (၁၁း၀၀)နာရီက အထက(ကျွဲခြံ)ကျောင်း ၌ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် အထက(ကျွဲခြံ)ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြည်ကြည်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပေါင်မြို့နယ် သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒေါ်လဲ့လဲ့ထူး နှင့်ဝန်ထမ်းများက မီးဘေး၊ရေဘေး၊မုန်တိုင်းဘေး၊ငလျင်ဘေး၊ဆူနာမီဘေး၊မိုးကြိုးဘေး၊မိုးခေါင်ရေရှားဘေး၊မြေပြိုခြင်းနှင့်လေပြင်းတိုက်ခတ်ခြင်းတို့အတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအပြင် သဘာဝဘေးဖြစ်ပေါ်လာပါက နေထိုင်ရမည့်အကြောင်းအရာများ၊

ဆောင်ရန် ၊ ရှောင်ရန်များနှင့်

ပြည်သူများသိသင့် သိထိုက်သည့်အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ရာ ကျောင်းသား၊ကျောင်းသူများက သိလိုသောအကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ပြီးသဘာဝဘေးနှင့်ပတ်သတ်သည့်လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်းသိရသည်။


ပေါင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့်  အသိပညာပေးလုပ်ငန်းများအပြင် ပေါင်မြို့နယ်အတွင်းရှိ ပြည်သူများ မိုးကြိုးထိမှန်၍ သေဆုံးခြင်း၊ရေကြီးနစ်မြှုပ်မှုကြောင့်သေဆုံးခြင်း၊လေပြင်းမုန်တိုင်း  တိုက်ခတ်မှုကြောင့်ပျက်စီးမှုများအပြင် မြေပြိုခြင်းများကိုလည်း ထောက်ပံ့ပေးမှုများကိုအချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)